Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

စက်ရုံ ပိတ်ထားလိုက်ရသည့် အထိ သောင်းကျန်းတဲ့ ဒဂုံက သရဲ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်စက်မှုဇုန်ရှိအထည်ချုပ်စက်ရုံတစ်ရုံတွင်သရဲဝင်ပူးသည်ဟုဆိုကာ စက်ရုံကို သုံးရက်ယာယီပိတ်ထားရကြောင်းစက်ရုံ အလုပ်သမားများထံမှ အောက်တိုဘာ၂ ရက်ကသိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စက်မှုဇုန်ရှိ ဂျန်နရယ်အင်တာပရက်စ်အထည်ချုပ်စက်ရုံ၏အမျိုးသမီး
အလုပ်သမားအဆောင်တွင်အောက်တိုဘာ၁ရက်ကလူနေဆောင်ကိုစက်ရုံအဖြစ်ပြုလုပ်ပြင်ဆင်ပြီးနောက်
ဘုန်းတော်ကြီးများကိုပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဆိုရာမှ အလုပ်သမများကို သရဲဝင်ပူးသည်ဟူသော သတင်းများကြောင့်အဆောင်အတွင်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ကြောင်းအဆောင်နေအလုပ်သမလေးများထံမှ စုံစမ်းသိရှိရသည်။

ထိုသတင်းများကြောင့်စက်ရုံအတွင်းမလိုလားအပ်သောကိစ္စရပ်များဖြစ်ပေါ်မလာစေရန်
လုပ်ငန်းခွင်ကိုအောက်တိုဘာ၂ ရက်မှ ၄ ရက်အထိယာယီပိတ်ထားကြောင်း သိရသည်။

"၀င်ပူးတော့သူအော်တာကအပြင်လူလက်မခံနိုင်ဘူးဆိုပြီးအော်တာပဲ။ကျွန်မတို့လည်း သေချာမသိပါဘူး"ဟု အမည်မဖော်လိုသူ အသက် ၂၀အရွယ် စက်ချုပ်သမလေးတစ်ဦးက ပြောဆိုသည်။

အထက်ပါဖြစ်စဉ်ဖြစ်ပြီး အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် စက်ရုံများ၌အလုပ်လာရောက်
လုပ်ကိုင်သည့် အလုပ်သမားများပါဝင်ပူးခံရသည်ဟုသတင်းများထွက်ပေါ်လာခဲ့ပြီး ထိုသို့အပူးခံရ
သည်ဆိုသော အလုပ်သမားများကို စက်ရုံဘက်မှကူညီစောင့်ရှောက်ထားကြောင်းနှင့် ၀င်ပူးခံရသောအလုပ်သမား ၂၀ ခန့်ရှိနိုင်ကြောင်းသိရသည်။

ဝင်ပူးရခြင်းအကြောင်းရင်းမှာ အဆောင်အတွင်းရှိ အခြားသော နေနေကျအလုပ်သမားများအပြင် အခြားအလုပ်သမားများကိုအဆောင်အတွင်း အလုပ်လုပ်ကိုင်စေရန်စီစဉ်မှုများကြောင့်ဖြစ်နိုင်ကြောင်း အထက်ပါ အလုပ်သမလေး ထံမှပင် သိရသည်။

ယင်းနှင့်ပတ်သက်ပြီးအဆိုပါစက်ရုံမန်နေဂျာက"ဒါက အလုပ်သမားတွေရဲ့ကျန်းမာရေးနဲ့လည်းဆိုင်ပါတယ်။ အမျိုးသမီးတွေသဘာဝ ဓမ္မတာလာချိန်မှာ စိတ်ချောက်ချားတာမျိုးဖြစ်မှာပါ"ဟု စံတော်ချိန်သို့ အောက်တိုဘာ ၂ရက်က ပြောဆိုသည်။

ယင်းစက်ရုံနှင့် အဆောင်များတွင် ယခင်က ထိုကဲ့သို့သော ကိစ္စရပ်များမဖြစ်ပွားဖူးကြောင်း၊ စက်ရုံလည်ပတ်နေသည်မှာလည်းသုံးနှစ်ကျော်ရှိပြီဖြစ်ပြီး အခြားသောဖြစ်စဉ်များလည်း ဖြစ်ပေါ်ဖူးခြင်းမရှိ
ကြောင်း စက်ရုံဝန်းကျင်ဈေးဆိုင်ငယ်များမှသိရသည်။

ရွှေပြည်သာစက်မှုဇုန်ရှိ မြန်မာယူအိုင်ဘီအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည်လည်း စုပေါင်းတောင်းဆိုမှုပြေလည်ပြီးနောက်ပိုင်း စက်တင်ဘာ၂၇ ရက်တွင်လုပ်ငန်းခွင်အတွင်းနှင့် နေအိမ်များ၌ သရဲဝင်ပူးသည်ဟူသောဖြစ်ရပ်များရှိခဲ့ကြောင်းသိရသည်။

စံတော်ချိန်

No comments:

Post a Comment