Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 9, 2014

ဗြိတိန်နိုင်ငံသားနှစ်ယောက်အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်းဆရာဝန်ဌာနက အကြီးဆုံး ဒေါက်တာမကတော့ ပြောပြီး

ဗြိတိန်နိုင်ငံသားနှစ်ယောက်အသက်ခံရတဲ့ အမှုနဲ့ပက်သက်ပြီး နိုင်ငံတော် မှုခင်းဆရာဝန်ဌာနက အကြီးဆုံး ဒေါက်တာမကတော့ ပြောပြီး

အဓိက ကတော့ ဒီအမှုကို တရားရုံးက ပယ်ချလိုက်တဲ့ အချက်တွေက

၁) မှုခင်းဆရာဝန် မသုံးခဲ့ဖူး။

၂) အမှုစစ်ဆေးရာမှာ တရားဝင်အသိအမှတ် ပြုထားတဲ့ဥပဒေအတိုင်း ၃စု ပါဝင်လှုတ်ရှားရမှာကို မလုပ်ပဲ ရဲအဖွဲ့ တဖွဲ့ တည်းနဲ့ လလုပ်သွားလို့ 

၃ဖွဲ့ ပါရမဲ့အဖွဲ့ တွေက ရဲဌာန၊ မှုခင်းဆရာဝန်၊ သက်သေအထောက်အထား လိုက်လံသိမ်းဆည်းသူ
အဲ့သုံးဖွဲ့ ပါရမှာ

၃) အမှုမှာ စပြီးစစ်ဆေးတည်းက သေချာရောရာတဲ့ အချက်ဘာမှ မရှိပဲ၊ တရားခံတွေပဲ ထုတ်ပြနိုင်ခဲ့တာ တခုပဲရှိတယ်။ ကျန်တာ ဘာမှမရှိဖူး

၎) dna စစ်တာ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီဖူး။ အလောင်းကို မှုခင်းဆရာဝန်စစ်ဆေးချက်မပါဖူး။ စစ်ဆေးချက် ပါလာရမှာတွေက သေဆုံသူ အနီးက ရာသီဥတု၊
အပူချိန်၊ ရေတိုက်နှုန်း၊ ပင်လယ်နဲ့ နီးရင် ပင်လယ်ရေတက်ချိန် ကျချိန်တွေပါ ထည့်ရမယ် dna စစ်တယ်ဆိုတဲ့ လူတွေကို စစ်တာလဲ နည်းစနစ်မမှန်ဖူး။ တံတွေးစစ်ရမယ်၊ သွေးစစ်ရမယ်၊ ဆီးပါရမယ်၊ အသားစသေးသေးပါ ပါရအုံးမယ်။

အလောင်းကို မှုခင်းဆရာဝန်က ဘာမှမစစ်ရပဲ လောင်းအပ်လိုက်တာ အလောင်းကို နေရာေ၇ွ့  လိုက် တာတွေက လုံးဝ ပြန်လိုက်လို့ မရတဲ့ အချက်တွေမို့  ဒီအချက်တွေ ပြန်ဖြည့်ယူလို့ မရနိုင် သလို ဒါတွေကြောင့်လဲ လက်မခံနိုင်ဖူးပြောတယ် တကယ်လို့ သာ စဖြစ်တည်းက မှုခင်းဆရာဝန်ကို တွဲပါမယ်ဆို ဒါဏ်ရာတွေရဲ့ အနက်၊ အကျယ်၊ လူသတ်တယ်ဆိုတဲ့ဆိုတဲ့ ပေါက်တူးလူသေ သွေးစက်တွေကျနေ ပေနေတဲ့ ကျောက်ဆောင်တွေ သဲမြေပြင်တွေ အကုန်စစ်ရမှာကို .. ဒေါက်တာမက ပြောသွားတယ်.. ဒါတွေကို မဒိန်းမှု လူသတ်မှု ဖြစ်တိုင်း ရဲတွေ လုပ်နေကျဖြစ်ပြီး ခုလို သူတို့ တွေချည်းပဲ လုပ်သွားတာကိုနားမလည်ဖူး။ မသိတာလား မေ့တာလားတဲ့။

နောက်ဆုံး အချက်ကတော့ ကျွန်းသူကြီးရဲ့ ဘားမှာ ဒီသေသူတွေ နောက်ဆုံး နေထိုင် စားသောက် ခဲ့တဲ့ နေရာတွေကအစ မှုခင်းဆရာဝန်တွေ ရဲတွေ သက်သေသိမ်းဆည်းသူတွေ သုံးဖွဲ့ လုံး အမှုဖြစ်ဖြစ်ချင်း သွားစစ်ပြီး အဲ့သုံးဖွဲ့ ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်နဲ့ တရားခံကို အဖြေထုတ်ရမျာပါတဲ့
သူတို့ ဟာသူတို့ စစ် သူတို့ ဟာ သူတို့ အဖြေထုတ်လာတာ တရားရုံးက ဘယ်လိုမှ လက်မခံနိုင်တဲ့အချက်ပါ။

နောက်ပြီးတော့ ဒီအမှုဟာ ဆိုရှယ်နက်ဝေါ့ပေါ်မှာလဲ သံသယတွေနဲ့ သတင်းကြီးနေတဲ့ အတွက်.. တရားခံတယောက်ကို မိပြီဆိုရင် ထပ်မေးစရာ ဘာသံသမှ မရှိဖြစ်ရမယ်တဲ့။ ပြီးရင် အမှုလာ မအပ်ခင် နောက်ဆုံးပိတ် သတင်းစာရှင်းလင်းပွဲ လုပ်ရတယ်။

သတင်းစာရှင်းလင်းပွဲတော့ လုပ်ပြီး မေးသမျှမဖြေနိုင်တဲ့ မှုခင်းနဲ့ ပတ်သက်တဲ့ အချက်တွေ ရှိခဲ့တာဟာလဲ တရားရုံးက လက်မခံနိုင်တဲ့ အချက်ထဲမှာ ပါတယ်။

အဲ့သတင်းစာ ရှင်းလင်းပွဲကိုလဲ ရဲတဖွဲ့ တည်းလုပ်လို့ မရပါဖူးတဲ့ ဥပဒေမှာ ၃ဖွဲ့ လုံး အများပြည်သူရှေ့ မှာရှင်းလင်းပွဲလုပ်ရတာပါတဲ့။မနေ့ က သူတို့ မဖြေနိုင်ခဲ့တဲ့ အချက်တွေရဲ့ ၈၀% ဟာ မှုခင်းဆရာဝန်တွေနဲ့ သက်သေအထောက်အထား ရှာဖွေ သိမ်းဆည်းသူတွေ ပူးပေါင်း လုပ်ဆောင်ခဲ့မယ်ဆို အဲ့လူတွေဖြေရမဲ့ အဖြေတွေပါ။

နောက်ဆုံးတခုကတော့ ကျွန်းသူကြီး ဘားပိုင်ရှင် သားဟာ အများအမြင်မှာရော အမှုသွားအမှုလာအရပါ သံသယရှိသင့်သူတယောက် ဖြစ်နေတာ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေရက်နဲ့ မစစ်ဆေးပဲ ဒီတိုင်း အမှုတွဲကို စုံပြီးဆိုပြီး လာအပ်လို့ မရပါဖူးတဲ့
သူ့ ကိုလဲ သုံးဖွဲ့ ဆိုင် စစ်ဆေးပြီး သူ့ အတွက် အဖြေက ရဲက ဒီအဖြေထွက်တယ်၊ မှုခင်းဆရာဝန်က ဒီအဖြေထွက်တယ်၊ သက်သေတွေက ဒီလို ထွက်တယ်ဆိုပြီး ကျကျနန ချပြရအုံးမှာ။

သူပြောတာ အဲ့လို စစ်မေးရမဲ့သူတွေ အများကြီး ကျန်ခဲ့တယ်လို့ ပြောပါတယ်

ဗွီဒီယိုလင့်—–>>>>> https://www.youtube.com/watch?v=QCqBRRkGEA8

http://www.manager.co.th/home/ 
ဘာသာပြန် – Lu Gyi Min

No comments:

Post a Comment