CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 27, 2014
ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေပိုင်းက ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့ မြို့တော် ခမ်းမ ရှေ့ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ အမှုဖွင့်ပြီလို့ သိရပါတယ်။
ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ
အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့သူ ကိုမိုဃ်းသွေးကို အမှုဖွင့်ထားတယ်လို့ သတင်းကြားလို့ ကျောက်တံတား ရဲစခန်း စခန်းမှူး ဦးတင်လှကို ဖုန်းဆက်မေးမြန်းတာမှာ ဟုတ်မှန်ကြောင်း ရဲစခန်းမှူးက ပြောခဲ့တယ်လို့ ကိုမိုဃ်းသွေး က သူ့ဖေ့စ်ကနေ အသိပေးထား ပါတယ်။
“တနင်္ဂနွေနေ့ ညနေ ကိုပါကြီးကိစ္စဆန္ဒပြပွဲနဲ့ပတ်သက်လို့ ကျနော့်ကို အမှုဖွင့်ထားတယ်လို့ မိတ်ဆွေ သတင်းသမား တချို့က အကြောင်းကြားလာလို့ ကျောက်တံတားရဲစခန်းမှုး ဦးတင်လှ 09250636902 ကိုဖုန်းဆက်မေးခဲ့ပါတယ်။ သူက ဟုတ်မှန်ကြောင်းပြောဆိုတဲ့အတွက် ကျနော်က တရားဝင်စာနဲ့ လာရောက်ကြောင်းကြားဖို့ ပြောတဲ့အခါ 09253255730 မြို့နယ်မှူး စခန်းဖုန်းနံပါတ်ကို မေးမြန်း ပါလို့ လွှဲပေးပါတယ်။ အဲ့ဒီဖုန်းနံပါတ်က ခုထိဆက်သွယ်လို့ မရပါဘူး” လို့ ကိုမိုဃ်းသွေးက ရေးပါတယ်။
သူဆက်ရေးချက်အရ ကိုပါကြီး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေး မြို့တော်ခမ်းမရှေ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီး မိုဃ်းသွေး နဲ့အပေါင်းအများကို ပုဒ်မ (၁၈)နဲ့ အမှုအမှတ်(ပ)၃၄၃/၂၀၁၄ နဲ့ အမှုဖွင့်ထားပါတယ်တဲ့။
ဒါဆို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ရဲရဲတောက်မိန့်ခွန်းပြောခဲ့သူ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင် တို့ကို လည်း အမှုဖွင့်ထားတယ်ဆိုတဲ့သဘောပါ။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ကို အမှုဖွင့်ထားမှု ရှိ၊ မရှိ အခုထိ အတိအကျ မသိရသေးပါဘူး။
ဧရာဝတီ
ကိုပါကြီးကိစ္စ ရန်ကုန်မြို့တော်ခမ်းမရှေ့ဆန္ဒပြသူတွေကို အမှုဖွင့်ပြီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 27, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 27, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment