Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 25, 2014

အီရန်တွင် မုဒိန်းပြုကျင့်ရန်ကြိုးပမ်းသူအား သတ်ခဲ့သည့်အမျိုးသမီး ကွက်မျက်ခံရ


မိမိအား မုဒိန်းပြုကျင့်ရန် ကြိုးပမ်းခဲ့သူအား သတ်ခဲ့သည့် အမျိုးသမီးတဦးကို အီရန်နိုင်ငံတွင် ယနေ့(အောက်တိုဘာ ၂၅ရက်) ကြိုးပေး ကွက်မျက်လိုက်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က ဖော်ပြသည်။

အသက် ၂၆နှစ်ရှိ ရေဟာနားဂျက်ဘရီဆိုသူ အမျိုးသမီးသည် အီရန်ထောက်လှမ်းရေး ၀န်ကြီးဌာန၏ ၀န်ထမ်းဟောင်းဖြစ်သူ မော်တီဇာ အဗ္ဗဒိုလာ လီဆာဘန်ဒီ ဆိုသူကို ၎င်းအား အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ သတ်ခဲ့သောကြောင့် ၂၀၀၇ ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့များက ဂျက်ဘရီသည် မိမိကိုယ်ကို ခုခံခဲ့ခြင်းသာဖြစ်ကြောင်း ပြောသည်။ ယင်းအပြင် ကမ္ဘာ့ကုလသမဂ္ဂကလည်း ဂျက်ဘရီသည် မျှတသော တရားစီရင်မှု၊ တရားဥပဒေ၏ အကာအကွယ်ကို မရရှိခဲ့ဟု ပြောသည်။

၂၀၀၉ ခုနှစ်တွင် တီဟီရန်တရားရုံတခုက သူမအား သေဒဏ်ချမှတ်ခဲ့ရာ နိုင်ငံတကာက အပြင်းအထန် ဝေဖန်ခဲ့ကြပြီး သူမလွတ်မြောက်ရေးအတွက် လက်မှတ်ပေါင်း ၁၉၀,၀၀၀ ဖြင့် ကန့်ကွက်အရေးဆိုခဲ့ကြသည်။

သူမအား စက်တင်ဘာ ၃၀ရက်နေ့က ကွက်မျက်ရန်ဖြစ်သော်လည်း အများပြည်သူ၏ ပြစ်တင်ဝေဖန်မှုများကြောင့်သာ ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော အီဗင်အကျဉ်းထောင်အာဏာပိုင်များက သမီးဖြစ်သူ၏အလောင်းအား ယနေ့လာရောက်ရွေးယူရန် ပြောကြောင်း ဂျက်ဘရီ၏ မိခင်ဖြစ်သူ ရှလိုးပရာဗင်က စက်တင်ဘာလကုန်ပိုင်းက ဖေ့စ်ဘွခ်ပေါ်၌ ရေးသားခဲ့ကြောင်းလည်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ က ပြောသည်။

သူမ၏ဖေ့စ်ဘွခ်ပို့စ်တွင် သမီးဖြစ်သူ၏ နုတ်ဆက်စကားကို အောက်ပါအတိုင်ရေးသားထားသည်။

“ကျမကို လက်ထိပ်ခတ်ထားကြတယ်၊ အပြင်မှာ ကျမကို အဆုံးစီရင်ဖို့ခေါ်သွားမယ့် ကားတစီးစောင့်နေတယ်”

“နူတ်ဆက်လိုက်ပါတယ် ချစ်ရတဲ့အမေ။ မနက်ဖြန်မနက်စောစောကျရင် သမီးရဲ့ နာကျင်မှုတွေအားလုံး အဆုံးသတ်သွားတော့မှာပါ။ အမေ့ရဲ့ ဒဏ်ရာနာကျင်မှုတွေ လျော့နည်းသွားအောင် မလုပ်ပေးနိုင်တာကိုတော့ စိတ်မကောင်းပါဘူး။ သမီးတို့ နောင်ဘ၀ကို ယုံကြည်တယ်။ နောင်ကမ္ဘာမှာ ပြန်ဆုံမယ် အမေ… အဲဒီအခါကျရင် သမီး အမေ့ကို ဘယ်တော့မှ မခွဲဘူး။ ဘာလို့လဲဆိုတော့ အမေနဲ့ ကွဲနေရတာ လောကကြီးမှာ အခက်ခဲဆုံးပဲ အမေ”

ဂျက်ဘရီ က ဆိုပါအမျိုးသားအား နောက်ကျောမှနေ၍ ဓါးဖြင့် ၁ချက်သာ ထိုးခဲ့သည်ကို ၀န်ခံကြောင်း အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးအဖွဲ့က နားလည်သော်လည်း အခြားအမျိုးသားတဦးက မော်တီဇာအဗ္ဗဒိုလာလီကို သတ်ခဲ့သည်ဟု ဆိုသည်။

“ရွံ့မုန်းဖွယ်ရာ ကွက်မျက်မှုတွေကို ပေးမလုပ်သင့်တော့ဘူး၊ အထူးသဖြင့် လူသတ်မှုဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပါတ်သက်လို့ သံသယဖြစ်စရာတွေ အကြီးအကျယ် ရှိနေတဲ့ ကိစ္စမျိုးတွေဆို လုံဝမလုပ်သင့်ဘူး၊ အခုလို လူတွေကို ကွက်မြစ်နေမယ့်အစား အီရန်နိုင်ငံက အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာစံတွေနဲ့ မကိုက်ညီတဲ့ သူတို့ရဲ့ တရားရေးစနစ်ကို ပြုပြင်သင့်တယ်” ဟု အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့မှ လက်ထောက်ဒါရိုတ်တာ ဟာဆီဘာဟတ်စာရာအူ က ဝေဖန်ပြောဆိုသည်။

အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏အဆိုအရ အဆိုပါအမှုကို စုံးစမ်းစစ်ဆေးရာတွင် အားနည်းချက်များစွာရှိနေပြီး ကွက်မျက်ခံ ဂျက်ဘရီသည် မျှတသည့်တရားစီရင်မှုကို မရရှိခဲ့ချေ။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment