Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 20, 2014

ရထားသံလမ်းပေါ်တွင် အိပ်ပျော်နေသော အမျိုးသား ရထားကြိတ်ခံရ၍ သေဆုံး


ရန်ကုန်မှ မော်လမြိုင်သို့ထွက်ခွာလာသော အမှတ်(၃၅)ရန်ကုန်-မော်လမြိုင်အဆန်အထူး ရထားသည်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ တိုးကြောင်ကလေးဘူတာအနီး မိုင်တိုင်အမှတ် (၇/၁၂)နှင့် (၇/၁၃)ကြားတွင် ရထားသံလမ်းပေါ် အိပ်ပျော်နေသော ထိုအမျိုးသားအား တက်ကြိတ်မိခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကြိတ်ခဲ့မိသဖြင့် အသက်(၄၅)နှစ်ခန့်ရှိသော အဆိုပါ အမည်မသိအမျိုးသားဟာ ယာလက်မောင်းရင်း ကြွေမွဒဏ်ရာ၊ ဝဲ/ယာနံစောင်း ဖူးရောင်
ပေါက်ပြဲဒဏ်ရာ၊ ဝဲပေါင်ရိုးကျိုးဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၂၉/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment