အောက်တိုဘာလ ၁ ရက်နေ့ ၂၀၁၄ တွင်ထိုင်းနိုင်ငံအစိုးရမှ တရားဝင်ဖွင့်လှစ်ထားသော
အစိုးရထီ လွတ်တရီ (Lottery) ၂ စောင်တွဲဘတ် ၄ သန်းနှင့် အပိုဆု ဘတ် ၂ သန်း
စုစုပေါင်း ဘတ် ၆ သန်းထီပေါက်သွားသောမြန်မာအလုပ်သမားကို
ထိုင်းအလုပ်ရှင်သူဌေးက မြန်မာနိုင်ငံသားဖြစ် သောကြောင့်ဆုငွေထုတ်ယူရာမှာ ကိုယ်တိုင်ထုတ်ယူလို့မရဘူးဟုဆိုကာ ဘတ် ၄ သန်းပေါက်သော ထီလက်မှတ်ကိုသိမ်းသွားခဲ့ပြီး ၄င်းမှတဆင့်ဆုငွေကို ထုတ်ယူပေးကာ မိမိဘဏ်မှတဆင့် မြန်မာ ပြည်သို့လွှဲပေးမည်ဟုဆိုသည်။
ထိုအလုပ်သမားကထိုင်းနိုင်ငံတွင်ပညာသင်ကြားနေသောဆရာတော်ဦးတေဇအားအကူအညီ တောင်းခံရာ ဆရာတော်က MWRN သို့ဆက်သွယ်ပြီး ဆရာတော်နှင့်တကွဆုငွေလာရောက် ထုတ်ယူပေး ရန်တိုင်ပင် လာသည်။
ထို့ကြောင့် သူဌေးဆိုသူကို 6.10.2014 ရက်နေ့တွင် နွန်ထဘူရီမြို့ရှိ လွတ်တရီရုံးကြီးတွင် ချိန်းဆိုပြီး ထီလက်မှတ်ပြန်လည်တောင်းပေးပြီးဆုငွေများအားထိုအလုပ်သမားဘဏ်အကောင့်ထဲသို့အခါတည်း
လွဲပြောင်းပေးခဲ့သည်။
မြန်မာရွှေပြောင်းလုပ်သားများအခွင့်အရေးကွန်ရက်
ကူညီပေးသူများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကာ အလုပ်သမား၏ ဆန္ဒအရ ပုံဖျက်ပေးထားသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 7, 2014
ထိုင်းတွင်ဘတ် (၆)သန်းထီပေါက်သွားသောမြန်မာ အလုပ်သမားထီလက်မှတ်အသိမ်းခံရ
ထိုင်းတွင်ဘတ် (၆)သန်းထီပေါက်သွားသောမြန်မာ အလုပ်သမားထီလက်မှတ်အသိမ်းခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment