Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 30, 2014

သစ်မြစ်တူးရာမှ ကျည်ဆန်အဟောင်းများနှင့် အရိုးစုများတွေ့ရှိ

လာရှိုးမြို့ နေအိမ်ခြံဝန်းတစ်ခုအတွင်း အိမ်ဆောက်ရန် သစ်ပင်လှဲရာမှ
ကျည်ဆံအဟောင်းများနှင့်အတူ လူအရိုးစုများကိုပါတွေ့ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ(၂၇)ရက်က လားရှိုးမြို့ ရပ်ကွက်(၃)၊ နယ်မြေ(၃)ရှိ
နေအိမ်ဝန်းအတွင်း အဆောက်အဦးတစ်ခုဆောက်လုပ်ရန်အတွက်
မန်ကျည်းပင်လှဲ၍ မြေညှိပြီးမန်ကျည်းပင်အမြစ်များတူးဖော်ခဲ့ရာ သစ်မြစ်များ
အောက်မှ (၇.၆၂)ရိုင်ဖယ်ကျည်ဆံဟုယူဆရသောကျည်ဆံအဟောင်း
(၅၂၄)တောင့်၊ပစ္စတိုကျည်ဆံအဟောင်း(၁၆)တောင့်နှင့်အတူ အရိုးစုများကိုပါ
တွေ့ရှိခဲ့ရကြောင်း သစ်မြစ်တူးဖေါ်သူဦးစိုးဝင်းကပြောသည်။

"ကျွန်တော်တို့ကအဆောက်အဦးဆောက်ဖို့အတွက်မြေညှိပြီး မန်ကျည်းပင် ကြီးကိုလှဲခဲ့တာပါ၊မန်ကျည်ပင်မြစ်တွေကိုတူးဖေါ်တဲ့အချိန်မှာအခုလို ကျည်ဆံ အဟောင်းတွေနဲ့ လူအရိုးလို့ထင်ရတဲ့ အရိုးစုတွေကိုတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါဟု´´၄င်းက ပြောသည်။

အဆိုပါကျည်ဆံဟောင်းများတွေ့ရှိရာနေအိမ်သို့ သက်ဆိုင်ရာနယ်မြေခံ
ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များရောက်ရှိလာခဲ့ပြီး ယင်းကျည်ဆံ များသည် ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ရိုင်ဖယ်သုံး ကျည်ဆံအဟောင်းများဖြစ် နိုင်ဖွယ်ရှိကြောင်းရဲသတင်းတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

Myanmar Age

No comments:

Post a Comment