Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဒုဝန်ကြီးချုပ်နှင့် တွေ့ ဆုံ စဉ် လိပ်ကျွန်း လူသတ်မှု ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဥပဒေနှင့် အညီ စစ်ဆေးပေးရန် တောင်းဆို

လိပ်ကျွန်းဖြစ်စဉ်မှာ အမှုမှန် ပေါ်ပေါက်ရေးကို ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးဖို့၊ မြန်မာသံရုံးက အထူးအဖွဲ့ လေ့လာနေမှုကို မှန်မှန်ကန်ကန်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးဖို့၊ "အပြစ်ရှိသူကို အပြစ်မပေး မိတာထက် အပြစ်မရှိသူကို အပြစ်မပေးမိရန် လိုသည်" ဟူသော ဥပဒေ စကားအတိုင်း သေချာစွာ စိစစ် လုပ်ဆောင် ပေးစေလိုကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်ကို ပြောကြားလိုက်ပါတယ်။

ထိုင်း ဒု-၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ပါဝင်တဲ့ ချစ်ကြည်ရေးအဖွဲ့နဲ့ ကာချုပ် မင်းအောင်လှိုင်နဲ့ တပ်မတော်အရာရှိတွေ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံကြစဉ် ပြောကြားလိုက်တာပါ။ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး(ငြိမ်း) ပရာယွတ် ဦးဆောင်တဲ့ ချစ်ကြည်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို ၂ရက်တာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။

ထိုင်း ဒု-၀န်ကြီးချုပ်ကလည်း လိပ်ကျွန်းကိစ္စနဲ့ ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အချက်အလက်များ ရရှိရေး၊ အမှန်တရား ရှင်းရှင်းလင်းလင်း သိရှိရေး အတွက် ဘန်ကောက်ရှိ မြန်မာသံရုံးနဲ့ ညှိနှိုင်း ဆောင်ရွက် နေပါတယ်လို့ ပြန်လည် ပြောကြား ခဲ့ကြောင်း နိုင်ငံပိုင် သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DVB TV News
https://www.facebook.com/DVBTVNews

Photo: MOI
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

No comments:

Post a Comment