Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 10, 2014

စိတ်တိုနေတဲ့ငှက်မကြီးလို့ပြောခဲ့တဲ့ ဦးလှဆွေက ဒေါ်စုအားဒေါင်းပ၀ါနဲ့ဂါရ၀ပြု


““တပ်ကုန်းကအဘိုးကြီးကို ဒေါ်စုကက်ကက်လန်ပြန်ပြောတာ မြင်တော့ သူ့ကိုခွပ်ဒေါင်းလို့
မမြင် တော့ဘူး။Angry Bird   စိတ်တိုနေ တဲ့ငှက်မကြီးလို့ပဲမြင်တယ်။သမ်္မတ လုပ်ဖို့ ရည်
မှန်းခဲ့ရင် အရင်က တည်းက ဗိုင်းကောင်းကျောက်ဖိ နေခဲ့ပေါ့””လို့ ပြောခဲ့သည့် ၄ မည်
ရ ဦးလှဆွေက ဒေါ်အောင်ဆန်း စုကြည်အား ယောထဘီနဲ့ ဒေါင်း ပ၀ါပေးပြီး ဂါရ၀ပြုခဲ့သည်။

ဦးလှဆွေ၏ဖေ့စ်ဘုတ်တွင် ““သီတင်းကျွတ်ဆိုတော့ သက်ကြီး တဲ့သူ၊ ၀ါကြီးတဲ့သူတွေကို ဂါရ၀ ပြုရတာပေါ့။ ဒီနေ့လွှတ်တော်ပြီး တော့ အစ်မကြီးဒေါ်အောင်ဆန်း စုကြည်ကို ယောထဘီနဲ့ ဒေါင်း ပ၀ါ ဂါရ၀ပြုပါတယ်။ ဗုဒ္ဓဘာသာ ၀င် တစ်ယောက်အနေနဲ့ ရိုသေ သမှုပါ။ အစ်မကြီးက ဆုပေးပါ တယ်။ ကျန်းမာချမ်းသာပါစေတဲ့ ဗျာ။ ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့၊ လေးစားလွန်းလို့ ဂါရ၀ပြုတာပါ ခင်ဗျာ””လို့ဒီလ ၃ရက်က ဖော်ပြ ထားသည်။

ဦးလှဆွေသည် တောက်တဲ့၊ ဘူးလက်၊ ဂျနီဖာလိုပက်၊ ငံပြာ ရည်စသည့်နာမည်များဖြင့် ထင်ရှားသူဖြစ်ပြီး“NLD   မှာ ဒေါ်အောင် ဆန်းစုကြည်ကလွဲရင် ကျန်တဲ့ကောင်တွေ သောက်သုံးမကျဘူး””ဟု ပြောခဲ့သောကြောင့် မိတ်္ထီလာအမတ် ဦးဝင်းထိန်က တရားစွဲမည်ဟု ပြောရာ ““ဦးဝင်းထိန်က ကျွန်တော့် အစ်ကိုကြီးပါပဲ။ သူကတရား စွဲမယ်ဆိုတော့ အမှန်ကိုပြောလို့ နာတာလားလို့ ပြန်မေးချင်တယ် ဗျာ””ဟု ဆိုခဲ့ဖူးသည်။

လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်စာမျက်နှာများစွာရှိ သည့် အနက် ဦးလှဆွေ၏ ဖေ့စ်ဘုတ်သည် ၀င်ရောက်ကြည့်ရှု သူနှင့် သဘောထားမှတ်ချက်အများဆုံးပေးသည့် စာမျက်နှာတစ်ခု အဖြစ်ရပ်တည်နေသည်။                    

အောင်ထွန်း
Hot News Journal

No comments:

Post a Comment