Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 22, 2014

ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီး ချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်း သီးပြီး ရုတ်တရက်ကွယ်လွန် သွားကြောင်း သတင်းရရှိသည်။

အာရှယူ-၁၉ ဘောလုံးပြိုင် ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့ သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

အာရှအင်အားကြီး ကာတာ လူငယ်အသင်းသည် ပထမပိုင်း ဦးဆောင်ဂိုးဖြင့် မြန်မာအသင်း ကို အနိုင်ရနေသော်လည်း တိုက် စစ်မှူးအောင်သူက ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့ သည်။

အောင်သူ၏ ချေပဂိုးအ ပြီး နောက်ထပ်နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်တွင် ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် ခေါင်းတိုက် ဂိုးသွင်းယူပြီးချိန် တွင် ယင်းပွဲကို ရုပ်သံမှကြည့်ရှု နေသူ ပခုက္ကူမြို့ရှိ ဘောလုံးပရိ သတ်တစ်ဦးသည် အောင်ပွဲခံရင်း ရုတ်တရက် ကွမ်းယာသီးကာ ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၂)နေ အသက်(၅၃)နှစ်အရွယ် အဆိုပါ အမျိုးသားအားအရေးပေါ် ကျန်း မာရေးအကူအညီပေးရန် ကျန်းမာရေးဝန်ထမ်းများ ချက်ချင်း သွားရောက်ခဲ့သော်လည်း အ သက်မမီတော့ကြောင်း ပခုက္ကူ မြို့မှ သုဂတိစေတနာလူမှုကူ ညီ ရေးအသင်း အသင်းသားများက ပြောသည်။

‘‘ကျွန်တော်တို့ ရောက်တော့ အသက်မမီတော့ဘူး။ ၀မ်းသာ လွန်းလို့ အော်ရင်းနဲ့ ကွမ်းဖတ်က လည်ပင်းမှာ ကပ်သွားတာလို့ တော့ သိရတယ်’’ ဟု သုဂတိစေ တ နာလူမှုကူညီရေး အသင်းမှ ဦးသိန်းအေးက ပြောသည်။

အာရှယူ-၁၉ သမိုင်းတွင် ဒုတိယအောင်မြင်ဆုံးဖြစ်သည့် မြန်မာယူ-၁၉ အသင်းသည် ကာတာအသင်းကို နောက်ကျ ဂိုးများကြောင့် ၂-၃ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၄၄ နှစ်အတွင်း ပထမ ဆုံးအကြိမ် ဗိုလ်လုပွဲကစားရ မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့ သည်။

မြန်မာယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ သည့် ကာတာ၊ ဥဇဘက်ကစ္စ တန်နှင့် မြောက်ကိုရီးယားအသင်း နှင့်အတူ ၂၀၁၅ မေလတွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။

7day daily

No comments:

Post a Comment