ဝတ်မှုံရွှေရည်က ဆောင်းညပြာသို ရုပ်ရှင် ထုတ်လုပ်ရေးက စီစဉ်ပြီး
ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးမယ့် ဂျုံးဂျုံးဂျက်ဂျက် ရုပ်ရှင်
ဇာတ်ကားကြီးမှာ စိုင်းစိုင်း ခမ်းလှိုင် နဲ့ သရုပ် ဆောင် မှာဖြစ်ကြောင်း
သိရပါတယ်။ ဒီဇာတ်လမ်းက တစ်ကားလုံး ရထား ပေါ်မှာ ရိုက်ကူးမယ့် ဇာတ်ကားဖြစ်
ပြီး ဟာသ ရိုမန့်ဇာတ် လမ်းဖြစ်ကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းကို ကြိုက်
နှစ်သက်တဲ့ အတွက် လက်ခံရိုက်ကူး ဖြစ်ကြောင်းကို ဝတ်မှုံရွှေရည်က
“လောလောဆယ်တော့ ဂျုံးဂျုံးဂျက်ဂျက် လို့ အမည်ပေးထား တယ်။ တစ်ကားလုံး
ရထားပေါ်မှာ ပဲရိုက်မယ့် ဇာတ်ကားမျိုး ပါ။ ဟာသလည်း ပါတယ်။ ရိုမန့်လည်း
ပါတယ်။ ဇာတ်လမ်းက အထူးအဆန်း လေးဖြစ်လို့ လက်ခံဖြစ်တာပါ” လို့ ပြောပါတယ်။
ဒီရုပ်ရှင် ဇာတ်ကားကို နိုဝင် ဘာလကုန်မှာ စတင် ရိုက်ကူးမှာဖြစ်ကြောင်း
သိရပြီး ကြိုတင်ပြင်ဆင်မှုတွေ နဲ့ ပတ်သက်ပြီး ဝတ်မှုံရွှေရည် က “ဇာတ်လမ်း ကို
ကစ်ကို လာပေးထားတယ်။ ဒါ ပေမဲ့ တချို့ အပိုင်းလေးတွေ ကစ်အနေနဲ့
ညှိချင်တာတွေရှိ သေးတဲ့ အတွက် အရင်ဆုံး ရိုက်မယ့် ဒါရိုက်တာ နဲ့ညှိပြီးမှ
ကစ်ပြင်ဆင် မှာပါ” လို့ ပြောပါတယ်။ ဝတ်မှုံရွှေရည်က စိုင်းစိုင်းခမ်းလှိုင်
နဲ့ ဗီဒီယို ဇာတ်ကားများ၊ ကြော်ငြာများ ရိုက်ခဲ့ပေမယ့် ဒီရုပ်ရှင် ဇာတ်ကား
ကတော့ သူတို့နှစ်ယောက်ရဲ့ ပထမ ဦး ဆုံး ရုပ်ရှင်ဇာတ်ကား ပဲဖြစ်ပါတယ်။
ဝတ်မှုံရွှေရည် က ဒီနှစ် အကယ်ဒမီ ပွဲတက် ဝတ်စုံ အတွက် မပြင်ဆင် ရသေးဘဲ
စဉ်းစား နေတုန်း ပဲဖြစ်ကြောင်း ပြော ပါတယ် ။
နင်စေ ရင် ရုပ်ရှင် ဇာတ်ကားနဲ့ ပရိသတ် တွေရဲ့ အကယ်ဒမီတစ် ကြိုပေးခြင်း
ခံနေရတဲ့ ဝတ်မှုံရွှေရည်က “ကစ်လည်း မရိုက် ခင်ကတည်းက ဒီဇာတ် ကားထဲက ဇာတ်ရုပ်
ကို တကယ် စိတ်သွင်းပြီး ရိုက်တော့လည်း တကယ်ကို ကိုယ်ဖိ ရင်ဖိ စိတ်ရော
လူရောနှစ်ပြီး ပင် ပင် ပန်းပန်း သရုပ် ဆောင်ထားတော့ ရင်တော့ ခုန်တယ်။
ဒီနှစ်က အ ရင်နှစ် တွေ နဲ့မတူဘူး။ အရင်နှစ်က နိုင်ငံတော်က ရွေးတယ်။ ဒီ
နှစ်ကျတော့ တကယ်ကို တတ်ကျွမ်းတဲ့၊ နားလည် တဲ့အနုပညာရှင် လူကြီး
တွေရွေးကြမှာ ဆိုတော့ အကောင်း ဆုံးဖြစ်မယ် လို့လည်း ယုံကြည်ပါ တယ်” လို့
အကယ်ဒမီ နဲ့ ပတ်သက်ပြီး ရင် ခုန်နေကြောင်း ပြော ပါတယ်။
ခိုင်ဝေလွင်
popular journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 28, 2014
ရထားပေါ်မှာ ရိုက်ကူးမယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည် တို့ရဲ့ ရုပ်ရှင်ဇာတ်ကား
ရထားပေါ်မှာ ရိုက်ကူးမယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည် တို့ရဲ့ ရုပ်ရှင်ဇာတ်ကား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 28, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 28, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment