Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 28, 2014

ဟိန်းဝေယံရဲ့ လတ်တလောအချစ်ရေး

    ဟိန်းဝေယံက အိချောပိုနဲ့အတူ ‘ဈေးစစ်ခြင်းသည်းခံ’ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံကအိချောပိုရဲ့ ခင်ပွန်းအဖြစ် သရုပ်ဆောင်ထားပြီး အချစ်ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။ ဟိန်းဝေယံက ဘန်ကောက် မှာMedical Check up ပြုလုပ်လာ ခဲ့ပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ အားလုံးကောင်းမွန်ခဲ့ကြောင်း လည်း သိရပါတယ်။ “အဓိကကတော့ ကျွန်တော်Medical Check up တစ်ခါမှ မလုပ်ဖူးဘူး။ လူတစ်ယောက်အ တွက် ကျန်းမာရေးက အရေးကြီးတယ်။

လုပ်သင့်တယ်လို့ထင်လို့ ကျွန်တော်သွားပြီးလုပ်ဖြစ်တယ်။ အကုန်လုံးအဆင်ပြေ တယ်။ အကုန်လုံးကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ ဆရာဝန်ကတော့ ပြောတယ်။ ကျွန်တော့် အမေကျွန်တော့်ကိုယ်ဝန်နဲ့တုန်းကကျွန်တော့်အမေက အသည်း ရောင်အသားဝါရောဂါဖြစ်ဖူးတယ်။ကျွန်တော့်မှာတော့ အဲဒီရောဂါ မပါဘူး။Medical Check up လုပ်တဲ့ အခါမှာလည်း အကုန်လုံး ကောင်းတယ်။ ဒါပေမဲ့ ဆရာဝန်ကတော့ ကျွန်တော့်ကို အသည်း ရောင်အသားဝါကာကွယ်ဆေးထိုးထားလားမေးတယ်။ ပြီးတော့ ကျွန်တော့်မှာ အသည်းရောင်အသားဝါ ရောဂါကို ခုခံတဲ့ အား နည်းတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရင် ပိုကောင်း တယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်အဲဒီမှာ ကာကွယ်   ဆေး ထိုးခဲ့တယ်။ အခုလာမယ့် အောက်တိုဘာလ ၂၉ရက်နေ့ကျရင် ထပ်ပြီး သွားထိုးရမယ်။ သုံးခေါက် ထိုးရမယ်။ နောက်ခြောက်လ ကြာရင်တစ်ခေါက်ထပ် သွား ထိုးရဦးမယ်။ကျန်တာတော့ အကုန် လုံးစစ်တာကောင်းပါတယ်” လို့ဟိန်းဝေယံကပြောပါတယ်။ဟိန်း ဝေယံကဗန်ကောက်နဲ့ကမ္ဘောဒီးယားကိုသွားရောက်ခဲ့ကာအထင် ကရနေရာတွေလည်းလေ့လာဖြစ်ခဲ့ရင်းဘန်ကောက်မှာရုပ်ရှင် ရိုက်ကွင်းတစ်ခုနဲ့လည်းကြုံခဲ့ရတယ်လို့ဟိန်းဝေယံကပြောပါ တယ်။

“ဘန်ကောက်ကရုပ်ရှင်အဖွဲ့တစ်ဖွဲ့လာရိုက်တာနဲ့ ဆုံတယ်။ အဲ့ဒါနဲ့လေ့လာခွင့်ရခဲ့တယ်။ ကြည့်ခွင့်ရခဲ့တယ်။ ရိုက်တာတွေက တအားကြီးကွာခြားတာမျိုးမရှိဘူး။in door တော့မပြောတတ်ဘူး။ကျွန်တော်ရိုက်ခဲ့တဲ့out door  မှာတော့ သိပ် ပြီးကွာခြားတာမရှိပါ ဘူး” လို့ ကြုံတွေ့ခဲ့ရတဲ့ ရိုက်ကွင်းနဲ့ပတ်သက်ပြီး ဟိန်းဝေယံက ပြောပါ တယ်။ဟိန်းဝေယံက အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိသေး သလို၊ အိမ်ထောင်ပြုဖို့အတွက်လည်း အချိန်အကန့် အသတ် မထားဘူးလို့ ပြောပါတယ်။ “ကျွန်တော်ကအိမ်ေ ထာင်ပြုဖို့အတွက် အချိန် တွေဘာတွေကန့် သတ်ထားတာမရှိပါဘူး။ ဖူးစာကြုံတဲ့အချိန်ပေါ့။ စော ရင်လည်း စောသွားနိုင်သလို၊ နောက်ကျရင်လည်း နောက်ကျနိုင်တယ်။ ကံစီမံရာအတိုင်းပါပဲ။ လတ်တလောအချစ်ရေးကလည်း အေးဆေးပါပဲ။ ကျွန်တော့်မှာ အခုချိန်မှာအလုပ်တွေနဲ့ပဲ အချိန်ကုန်နေပါတယ်” လို့ ဟိန်းဝေ ယံက ပြောပါ တယ်။

လွင်လွင်ထွန်း၊ ဓာတ်ပုံ-အောင်ဇော်မင်း
http://www.popularmyanmar.com

No comments:

Post a Comment