Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 16, 2014

လှုပ်ရှားမှုလေးတစ်ခုဖြစ်အောင် အနုပညာပျိုးခင်းထဲ ၀င်လျှောက်ဖြစ်ခဲ့ရင်း ဆန်ကာတင်(၅)ယောက်ထဲ ပါသွားတဲ့ ရွှေသမီး

၀၁၂ ၂၀၁၃ အစမှာ ဆာတိုရီထုတ်လုပ်ရေးက စင်တင်ပေးတဲ့ မင်းသမီးတစ်ယောက်အဖြစ် အနုပညာလောကထဲမှာ လျှောက်လှမ်းလာခဲ့တဲ့ ရွှေသမီးဟာ၂၀၁၄ အနုပညာပျိုးခင်းမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ရင်း ဇကာတင် ၅ ယောက်ထဲ ပါဝင်သွားခဲ့ပြီမို့ ဖိုင်နယ်အတွက် သူမရဲ့ ရင်ခုန်သံနဲ့ ပျိုးခင်းမှာ ပါဝင်ဖြစ်သွားတဲ့အကြောင်း မေးကြည့်လိုက်တော့ “အနုပညာပျိုးခင်းမှာ အဓိက ၀င်လျှောက်ဖြစ်တာက လှုပ်ရှားမှုလေး တစ်ခုလောက် ဖြစ်ချင်တာပေါ့နော်။ ဒီတိုင်းနေနေရင်လဲ ဘာမှ ထူးခြားမှုရှိမှာ မဟုတ်ဘူး။ ငြိမ်နေမှာပဲဆိုတော့ ၀င်လျှောက်ဖြစ်ခဲ့တယ်။ ညီမ အနုပညာအလုပ်တွေကိုလဲ ဒီ့ထက်ပိုပြီး လုပ်ချင်တယ်။ ပရိသတ်နဲ့ပိုပြီး ထိတွေ့ချင်တယ်။ ပရိသတ်ကို ပိုပြီး ချပြချင်တယ်။ အဲ့ဒါကြောင့် ၀င်လျှောက်ဖြစ်ခဲ့တယ်။ ခုဆန်ကာတင်ထဲတော့ပါပြီ။ နောက်ဆုံးအဆင့် ကျန်သေးတယ်ဆိုတော့ ရင်တော့တုန်တယ်။ မျှော်တော့မျှော်လင့်ထားတယ်။ ဒါပေမဲ့ မျှော်လင့်ပြီးဖြစ်မလာမှာလဲ စိုးတယ်။ အဆိုးဆုံးကိုလဲ မျှော်လင့်ထားတယ်။ အကောင်းဆုံးတွေကိုလဲ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဖြစ်မလာရင် အရမ်းခံစားရမှာစိုးလို့ပါ။

ဒီအနုပညာပျိုးခင်းက တော်တော်လေးကောင်းတဲ့ အစီအစဉ်ပါ။ အရင်နှစ်ကဆို နယ်က လူတွေမပါဘူး။ ခုဒီနှစ်ဆို နယ်က လူတွေပါတယ်။ အကုန်လုံးကို ခေါ်တဲ့အတွက် လမ်းကြောင်း ပွင့်တာပေါ့။ ပိုပြီးလဲကောင်းတာပေါ့။ ဖိုင်နယအ်တွက်ယုံကြည်မှုကတော့ ဒီပွဲမှာ အကောင်းဆုံးကြိုးစားတယ်။ အနုပညာအလုပ်လုပ်တဲ့ အချိန်မှာ ဘာကိစ္စပဲလုပ်လုပ် အမ်တီဗီပဲရိုက်ရိုက်၊ ဓာတ်ပုံပဲရိုက်ရိုက်အကောင်းဆုံးလုပ်ပေးခဲ့တယ်။ ယုံကြည်မှုဆိုတာထက် စေတနာထားပြီး လုပ်ပေးခဲ့တယ်။ သေချာလေးကြိုးစားပြီး အာရုံစိုက် လုပ်ပေးခဲ့ပါတယ်။”လို့ သူမက ဆိုပါတယ်။

ဖိုင်နယ်က ၁၁လပိုင်း ၁၁ရက်နေ့ဖြစ်တဲ့အပြင် ဒုတိယအဆင့်လူတွေ့ပွဲကတော့ နောက်လ ၇ရက်နေ့လို့ သိရတာကြောင့် ခု ဆန်ကာတင်အထိ ရွေးချယ်ခံထားတာကို သူမက “နောက်တစ်ဆင့် ပါသွားတဲ့အတွက် ကိုယ့်မှာ ပိုပြီးတာဝန်ကြီးသွားတယ်လို့ခံစားမိတယ်။ ပြိုင်ပွဲပြိုင်နေရင်း ရရှိတဲ့ အတွေ့အကြုံတွေက ဗဟုသုတတွေပါမေးတဲ့အတွက် စာအုပ်တွေ ပိုဖတ်ဖြစ်တယ်။ Talent တွေလဲပြရတော့ ညီမ ကပြခဲ့တယ်။ အဲ့ဒီအချိန်မှာ Talent က တော်တော်လေး အရေးကြီးလာတယ်ဆိုတာ သိလာတယ်”တဲ့။

ရွှေသမီးဟာ လက်ရှိမှာ ဆာတိုရီထုတ်လုပ်ရေးနဲ့ တန်ခူးရင်ခွင်ဆိုတဲ့ ဇာတ်ကားလေးကို ရိုက်ကူးနေတယ်လို့ သိရပြီး ဒီဇာတ်ကားပြီးတာနဲ့ ဆရာဝန်အသင်းကလုပ်တဲ့ ဇာတ်လမ်းတွဲလေးတစ်ပုဒ် ဆက်လက်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

Trend Myanmar

No comments:

Post a Comment