Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 21, 2014

စွပ်စွဲဖမ်းဆီးခံ မြန်မာလူငယ် ၂ ဦး အာမခံရရေး ဆောင်ရွက်ပေးနေ

ထိုင်းနိုင်ငံ ခိုတောင်လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  စွပ်စွဲဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရဖို့  ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဆောင်ရွက်ပေးနေပါတယ်။

ထိုင်းနိုင်ငံ ကော့စမွီခရိုင် တရားရုံးအချုပ်ခန်းမှာ ချုပ်နှောင်ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့နှစ်ဦး အာမခံရရေး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက  တာဝန်ပေးအပ်ထားတဲ့  ကိုယ်စားလှယ်အဖွဲ့က ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒီအဖွဲ့မှာ ပါဝင်တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
“တရားရုံးတင်တာနဲ့ အာမခံရရေး လျှောက်ထားနိုင်ဖို့ ကျနော်တို့လည်း ကြိုးစားနေကြပါတယ်။ နက်ဖြန်ခါမနက် သူတို့ ၂ ဦးရဲ့ မိဘတွေ ဘန်ကောက် ဒွန်မောင်းလေယာဉ်ကွင်းကို ရောက်မယ်။ ပြီးလို့ရှိရင် သံရုံးထဲမှာ ၃ ဖွဲ့ အစည်းအဝေးလုပ်မယ်။”
မြန်မာလူငယ် ၂ ဦးကို ထိုင်းရဲတွေက အောက်တိုဘာ ၂ ရက်နေ့ကတည်းက  စွပ်စွဲ ဖမ်းဆီးထားတာဖြစ်ပြီး သက်ဆိုင်ရာ အမှုတွဲကိုလည်း ကော့စမွီခရိုင် အစိုးရရှေ့နေများကောင်စီလက်ထဲ အပ်နှံခဲ့ပြီဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လောလောဆယ်  သေဆုံးသူနဲ့ ပတ်သက်တဲ့ သက်သေခံပစ္စည်းကို ဗြိတိန်နိုင်ငံရှိ မိဘဆွေမျိုးဆီကနေ မှာယူထားပြီး သက်သေစုံတာနဲ့ တရားရုံးမှာ စွဲချက်တင်နိုင်မယ်လို့  ကော့ဖငန်းခရိုင် ရဲမှူးကြီး ဗိုလ်မှူး ပချူမ်းလိန့်ထောင်းက ထိုင်းမီဒီယာတွေကို ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲတွေလည်း ထိုင်းကို ရောက်လာမယ်လို့ သတင်းရထားပေမယ့် သံရုံးဘက်က တရားဝင် အကြောင်းကြားစာ မရသေးကြောင်း၊ သူတို့ ရောက်လာရင် တရားခံတွေ၊ သက်သေတွေနဲ့ စစ်ဆေးမေးမြန်းရာမှာ ပါဝင်ကြားနာနိုင်အောင် ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပေမယ့် ပြန်လည်စုံစမ်းစစ်ဆေးခြင်း၊ အမှုတွဲပြန်တည်ဆောက်ခြင်းတွေတော့ ထိုင်းဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘူးလို့ ရဲမှူးကြီးက အောက်တိုဘာ ၂၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ထိုင်းအမျိုးသားလူ့ အခွင့်အရေးကော်မရှင်အဖွဲ့ကတော့ ခိုတောင်ကျွန်း ပင်လယ်ကမ်းခြေတနေရာမှာ ပြီးခဲ့တဲ့လက  ဗြိတိန်လူငယ် ၂ ဦး အသတ်ခံရတာနဲ့ ဆက်နွှယ် စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာ လူငယ် ၂ ဦးကို  ရိုက်နှက်စစ်ဆေးမှုရှိမရှိ  ဒီအမှုမှာ ပါဝင်စုံစမ်းခဲ့တဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ လာမယ့် အောက်တိုဘာ ၂၇ ရက်နေ့ကျရင်  ကော်မရှင်ရုံးမှာ လာရောက် ရှင်းလင်းပေးဖို့  တောင်းဆိုထားပါတယ်။
http://burmese.dvb.no/archives/68518

No comments:

Post a Comment