လက်ရှိသမ္မတ ဒေမာ ရူးဆက်ဖ်က (ဓာတ်ပုံ – ရိုက်တာ)
ဘရာဇီးမှာ ဒီနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ
ကျင်းပဖို့ ရှိပါတယ်။ အကြိုစစ်တမ်းတွေမှာတော့ အလုပ်သမားပါတီ ခေါင်းဆောင်
လက်ရှိသမ္မတ ဒေမာ ရူးဆက်ဖ်က ထိပ်က ပြေးနေပေမယ့် မဲအားလုံးရဲ့ ၅၀
ရာခိုင်ကျော်ရဖို့ မသေချာပါဘူး။
အကယ်၍ ပထမအကျော့မှ သမ္မတလောင်း တယောက်မှ ၅၀ ရာခိုင်နှုန်း မကျော်ရင် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဒုတိယအကျော့ ရွေးကောက်ပွဲကို ကျင်းပရမှာဖြစ်ပါတယ်။ နောက်ဆုံး မဲဆွယ်တဲ့ အချိန်မှာ ရူးဆက်ဖ်က အနာဂတ်မှာ တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်ကို ပိုကောင်းမွန်အောင် ဆောင်ရွယ်သွားမယ့် အစီအစဉ်တွေကို ချပြခဲ့ပါတယ်။
အကြို စစ်တမ်းတွေအရ ဘရာဇီး ဆိုရှယ် ဒီမိုကရေစီ ပါတီက သမ္မတလောင်း အက်စီယို နေးဗစ် နဲ့ ဆိုရှယ်လစ်ပါတီက မာရီနာ ဆေးဗားတို့က ရူးဆက်ဖ်ရဲ့ နောက်က လိုက်ဖွယ်ရှိပါတယ်။
သမတလောင်း နေးဗစ်က ဈေးကွက်စီးပွားရေးကို အားသန်သူဖြစ်ပြီး စီးပွားရေးနဲ့ လူမှုရေး ပြသနာတွေကို ဖြေရှင်းပေးနိုင်တဲ့ ထိရောက်တဲ့ အစိုး၇မျိုးကို ကတိပြုထားပါတယ်။
နောက်သမတလောင်း တယောက်ဖြစ်တဲ့ ဆေးဗားက အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့နဲ့ ပွင့်လင်းမြင်သာတဲ့ အစိုးရမျိုးကို ကတိပြုထားပါတယ်။
http://burmese.dvb.no/archives/66901

No comments:
Post a Comment