Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 5, 2014

Apple ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော ( ၁၉ ) နှစ်ကျောင်းသား


 


လွန်ခဲ့တဲ့သီတင်းပတ်က ကိုယ်ပိုင်နည်းပညာကုမ္ပဏီသစ်ထူထောင်ဖို့ နာမည်ကြီး ကွန်ပျူတာသိပ္ပံကျောင်းတက်ခွင့်ကို ကျောခိုင်းခဲ့တဲ့ ( ၁၉ ) နှစ်ကျောင်းသားရဲ့ အမည်က ဂျွန်မေယာ ဖြစ်ပါတယ်။ ပထမတော့ သူမိဘတွေက သဘောမကျကြဘူး။ အကြောင်းက သူတက်နေတဲ့ အထင်ကရ နယူးယောက်တက္ကသိုလ်မှာ သူ့အမေက ပါမောက္ခတစ်ဦးဖြစ်နေတာကြောင့်လဲ ဖြစ်ပါတယ်။
.
.
နောက်ဆုံးမှာတော့ သားရဲ့ဆန္ဒကို မလွဲမရှောင်သာ ပါရမီဖြည့်ပေးမယ့်လမ်းကို ရွေးခဲ့ကြတယ်။ မေယာ ဟာ လွတ်လပ်စွာ တစ်သီးပုဂ္ဂလ ဆော့ဝဲရေးသားသူ ပရိုဂရမ်မာတစ်ဦးဖြစ်ရုံမက ( ၂ဝဝ၈ ) ခုနှစ်၊ အထက်တန်း ( ၉ ) တန်းကျောင်းသားဘဝကတည်းက App တွေကို ရေးလာခဲ့တဲ့အပြင် ပရိုဂရမ်ဆွဲ ဘာသာစကားဖြစ်တဲ့ Programming Language Objective-C ကို စတင်လေ့လာခဲ့သူဖြစ်တယ်။ အဲဒီအချိန်ကစပြီး မေယာတစ်ယောက်ဟာ ဘယ်သူမှမသိပဲ ကိုယ်ပိုင်ဝင်ငွေရှိနေခဲ့တယ်။
.
.
မေယာက “ ငွေနဲ့ပတ်သက်လို့ ကျွန်တော်ကံကောင်းခဲ့တယ်လို့ ဆိုရမလားပဲ။ စလုပ်ပြီး ( ၁ ) နှစ်အတွင်းမှာ ကျွန်တော်ကိုယ်ပိုင် ငွေရှာရပ်တည်နိုင်ခဲ့တယ် ” လို့ ပြောပြတယ်။
.
.
တက္ကသိုလ်တက်ပြီး ပထမနှစ်အတွင်းမှာတင် အိုင်ဖုန်းအတွက် App ရေးပြီး လက်ဖျားငွေသီးခဲ့တယ်။ New York University ရဲ့ ကျူရှင်ခကို ကိုယ်ပိုင်ငွေနဲ့ပေးချေခဲ့တဲ့အထိ ကိုယ်ပိုင်ရပ်တည်နိုင်လာတယ်။ သူအခုအာရုံစိုက်နေတဲ့ App က Fresco News ဖြစ်ပြီး သာမန်လူတွေရိုက်တဲ့ ဓါတ်ပုံတွေကနေ သတင်းဆောင်းပါးတွေအထိ မြန်မြန်ဆန်ဆန်ပုံဖော်ထုတ်လွှင့်နိုင်တဲ့ သတင်း App အမျိုးအစားဖြစ်တယ်။ တည်ဆောက်ပုံက နာမည်ကြီး Instagram ၊ Twitter နဲ့ Flipboard စတဲ့ App တွေရဲ့ ကောင်းပေ့ဆိုတဲ့ အရည်အချင်းတွေကို ရွေးထုတ်ပေါင်းစပ်ထားတာဖြစ်ပါတယ်။
.
.
Business Insider မဂ္ဂဇင်းကြီးက မေးတဲ့အခါ သူ့ရဲ့လက်ရှိဝင်ငွေကို ပြောပြခဲ့ပြီး အများကိုမထုတ်ပြန်ဖို့ ဂတိတောင်းခဲ့တယ်။ ခန့်မှန်းခြေပြောရရင်တော့ နာမည်ကြီး ဆော့ဝဲလ်အင်ဂျင်နီယာတစ်ယောက်ရတဲ့ဝင်ငွေထက်တော့ မနည်းဘူးဆိုတာ သိရတယ်။ မေယာ ဟာ အရွယ်နဲ့မလိုက်အောင် အံ့မခန်းတီထွင်နိုင်သူတစ်ယောက်ပါ။ App ပေါင်း ( ၄ဝ ) ကျော်ရေးသားခဲ့ပြီး သူ့ထွက်ကုန်အားလုံးကို iTune ရဲ့ TapMedia, LLC မှာ တင်ပေးထားတယ်။ အဲဒီထဲက အများသိသာတဲ့ ဓါတ်မီး - Just Light App ဟာ သူ့အတန်းအစားထဲမှာ ထိပ်ဆုံးပေါ်ခဲ့တာဖြစ်တယ်။ လူကြိုက်များလွန်းလို့ ဖုန်းပေါ်ကိုသွင်းပြီး အသုံးပြုတဲ့အကြိမ် ( ၂ ) သန်းကျော်ထိ ရှိခဲ့တယ်။ အခုတော့ ပန်းသီးဖုန်းတွေမှာ စဝယ်ကတည်းက ဓါတ်မီး App က တစ်ပါတည်း ထည့်ပေးပြီးသားဖြစ်နေပါပြီ။
.
.
ရင်ဘတ်ထိသွားတဲ့ နောက်တစ်ခုက ပြီးခဲ့တဲ့နှစ် iOS 7 စတင်မိတ်ဆက်ချိန်မှာ ရေးခဲ့တဲ့ Perfect Shot App ဖြစ်ပြီး စလွှင့်ချိန် ပထမ ( ၄ ) ရက် မှာ ဒေါင်းလော့အကြိမ် ( ၆ဝဝဝဝ ) ဆွဲချသုံးစွဲသူရှိခဲ့ပြီး အခုတော့ အကြိမ် သန်းကျော်သွားပါပြီ။ ပါဖက်ရှော့အက်ပ် က အိုင်ဖုန်းနဲ့ဓါတ်ပုံရိုက်တဲ့အခါ လူအုပ်စုပုံရိပ်မှာ အပြုံး နဲ့ မျက်လုံးတို့ကို ထောက်လှမ်းပြီး ပုံရိပ်ကောင်းရစေတဲ့ App ဖြစ်ပါတယ်။ ဒါနဲ့ရိုက်ရင် Group ပုံထဲမှာပါတဲ့ လူအားလုံး ပြုံးနေရမယ်၊ တစ်ယောက်မှ မျက်စိမှိတ်မနေရဘူးဆိုတာသေချာတဲ့ အရမ်း စမတ်ကျတဲ့ ဆော့ဝဲလ်လေးပါ။
.
.
မေယာ ရဲ့ အရည်အချင်းတွေကြောင့် Apple ကုမ္ပဏီရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။ ဒီအချက်က ကျောင်းသားတော်တော်များများရဲ့ အိပ်မက်ဆိုရင် မမှားပါဘူး။ သူ့ကို Apple က ကျောင်းပိတ်ရက် အလုပ်သင် - Intern အနေနဲ့ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လေ။ ပေးကမ်းမှုကလည်း တစ်လကို ( ၅၇၂၃ ) ဒေါ်လာဆိုတော့ အတော်လေး ရက်ရောတယ်လို့ ဆိုနိုင်တယ်။
.
ဒါပေမယ့် Apple ရဲ့ ကမ်းလှမ်းမှုကို မေယာ က နူးညံ့စွာပယ်ချခဲ့တယ်။
.
မေယာက “ ကျွန်တော့ဆီကို အလုပ်ရှင်တွေရဲ့ အလုပ်ခန့်အီးမေးလ်တွေ မကြာခဏလာတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ Apple ရဲ့ ခေါ်စာရောက်လာတာပဲ။ ဒါပေမယ့် .. ဘယ်လိုပြောရမလဲ .. ကျွန်တော့နှလုံးသားထဲမှာ ကိုယ်ပိုင်လုပ်ငန်းရှင်တီထွင်သူ - Entrepreneur .. ဒါပဲရှိတယ်။ သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ရင် ကျွန်တော်ပျော်နိုင်မှာ မဟုတ်ဘူး ” လို့ ဆိုတယ်။ ဒီလိုအခွင့်အရေးကို လက်လွှတ်လိုက်ရလို့ သူစိတ်မပူပါဘူး။ တစ်ကယ်လို့ သူလုပ်ချင်သပ ဆိုရင် Apple က လာမည့်နှစ်မှာ သူ့အတွက် နေရာအဆင်သင့်ပေးနိုင်မယ်လို့ သူယုံကြည်နေတယ်။
.
.
( ၁၉ ) နှစ်သားကျောင်းသားလေးရဲ့ လက်ခမောင်းခတ်စရာ အစွမ်းက ဒီလောက်တင်မကသေးပါဘူး။ မေယာ ဟာ ပန်းသီးကုမ္ပဏီက ကျင်းပတဲ့ Apple’s Developer Conference ကို နှစ်တိုင်းရောက်တယ်။ Apple ဝန်ထမ်းများနဲ့ ရင်းနှီးမှုတွေရှိလာသလို တစ်ကယ်တမ်း သူလျှောက်လှမ်းချင်တဲ့ နယ်ပယ်ကို ချဲ့ထွင်ဖို့ အဆင့်မြင့် လမ်းမကျယ်ကြီးကို ဝင်ရောက်နေသူလည်းဖြစ်ပါတယ်။
.
.
ဒီလို နည်းပညာကွန်ဖရင့်ကို ( ၁၆ ) နှစ်သားအရွယ်မှာ သူ့ဖခင် အကူအညီနဲ့ စတက်ခဲ့တယ်။ ဖြစ်ပုံက သားအဖ ( ၂ ) ယောက် ဆန်ဖရန်စစ္စကို ကို လေယာဉ်စီးသွားတယ်၊ အဖေက နာမည်စာရင်းသွင်း၊ လက်မှတ်ယူပြီး သားကို သွားတက်ခိုင်းခဲ့တာပေါ့။ ဒီအဖြစ်အပျက်လေးကို “ ကျွန်တော်က ( ၁၆ ) နှစ်သားလေ။ သူတို့က ( ၁၈ ) နှစ်ပြည့်မှပေးတက်တော့ မခက်ဘူးလား။ မှတ်မှတ်ရရဆို ဓါတ်မီး App အောင်မြင်တဲ့အခါတုန်းကဗျ။ အဖေက Apple က လက်မှတ်ကို ရအောင်ယူတယ်။ ပြီးတော့ ကျွန်တော့ကို လေယာဉ်စီးပြီး ပြန်လာခေါ်တယ်။ ပြီးတော့ ဆန်ဖရန်ပွဲကို ပြန်ပို့ပေးခဲ့တယ် ” လို့ မေယာ က ရယ်ရယ်မောမော ပြောပြနေခဲ့တယ်။ အဲဒီအချိန်ကစလို့ Apple ဟာ ဆယ်ကျော်သက် ဒဲဗလော့ပါ တွေအတွက် Teen Program တီထွင်ပေးခဲ့တဲ့နောက် မေယာ ဟာ သူ့အသက်အရွယ်နဲ့ တစ်ခြားဆယ်ကျော်သက်ပညာရှင်တွေနဲ့ နည်းပညာဖလှယ်ခွင့်ရခဲ့တယ်။
.
.
အထက်ကပြောခဲ့တာတွေက ဘာဟုတ်သေးလို့လဲ။ စွန့်စားသူဘီလျံနာသူဋ္ဌေးကြီး “ ပီတာသီး ” တည်ထောင်ထားတဲ့ ကျောင်းထွက် ပညာတတ် ပါရမီရှင်တွေကို မြေတောင်မြှောက်၊ ကုမ္ပဏီထောင်ပေးတဲ့ Thiel Fellowship ပရိုဂရမ်မှာ အယောက် ( ၄ဝ ) မြောက် နောက်ဆုံးပိတ် စာရင်းဝင်ခဲ့သေးတယ်။ ဒီအုပ်စုဝင်တွေဟာ ဆီလီကွန်တောင်ကြား နည်းပညာရပ်ဝန်းကို လေ့လာခွင့်ရကြလို့ သူတို့ ခရီးထွက်ခဲ့ကြတယ်။ အားလုံးထဲမှာ အယောက် ( ၂ဝ ) အရွေးခံရပြီး ဂျွန်မေယာ ကတော့ အရွေးမခံခဲ့ရပါဘူး။
.
.
ဒီအဖြစ်အပျက်ဟာ မေယာကို စိတ်ပျက်စေလောက်အောင် မလုပ်နိုင်ခဲ့ဘူး။ သူ့ရဲ့ Fresco News App ကို ငွေရှာစက်တစ်လုံးဖြစ်အောင် သူအသွင်ပြောင်းဖို့ အထူးအာရုံစိုက်ခဲ့တယ်။ အထူးသဖြင့် ဖြစ်နိုင်ခြေရှိတဲ့ နယူးယောက်တိုင်း လို၊ ဝေါစထရိဂျာနယ် တို့လို ဖောက်သည်ကြီးတွေနဲ့ မေယာ စကားပြောနေတယ်။
.
.
ကောလိပ်ပြန်တက်ဖို့ မေယာ့စိတ်ထဲမှာ အစီအစဉ်ဆွဲမထားဘူး။ အခုလက်ရှိတော့ မေယာ ဟာ ပျော်ရွှင်စရာကောင်းဖို့ နဲ့ ဝမ်းစာပြည့်ဖို့ ဆော့ဝဲလ် App လေးတွေ ရေးနေလေရဲ့။
.
koko2yeye@gmail.com
.
Ref: Business Insider

No comments:

Post a Comment