Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 1, 2014

၁၀ကြိမ်မြောက် အာဆီယံတရုတ် အလှမယ်ပြိုင်ပွဲမှာ ပထမဆု သရဖူရရှိခဲ့တဲ့ မြန်မာအလှမယ် အိန္ဒြာသီရိကို


၁၀ကြိမ်မြောက် အာဆီယံတရုတ် အလှမယ်ပြိုင်ပွဲမှာ ပထမဆု သရဖူရရှိခဲ့တဲ့ မြန်မာအလှမယ် အိန္ဒြာသီရိကိုနဲ့ ချစ်ကြည်ရေးဆု ရရှိခဲ့တဲ့ ချောစုလင်းဖြူသန့်တို့ဟာ ဒီကနေ့ စက်တင်ဘာ၁ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာကြပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ အလှမယ်ဖြစ်တဲ့ အိန္ဒြာသီရိကိုဟာ တရုတ်နိုင်ငံ၊ ကွမ်ရှိကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ တာ့လျန်မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၄ ခုနှစ် အာဆီယံ- တရုတ်အလှမယ် ပြိုင်ပွဲမှာ ပြိုင်ပွဲရဲ့ အဓိကဆုကြီး ဖြစ်တဲ့ သရဖူဘွဲ့ကို ဆွတ်ခူးခဲ့ပါတယ်။ သူ့အပြင် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ 1st Runner up အလှမယ်ဖြစ်တဲ့ ချောစုလင်းဖြူသန့်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ International Friendship ဆုကို ဆွတ်ခူးနိုင်ခဲ့ကြတာပါ။
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဆီးဂီမ်းပြိုင်ပွဲ ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားတွေမှာ အိန္ဒြာသီရိကိုက မြန်မာနိုင်ငံ ကိုယ်စားပြု ဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ပြီး ချောစုလင်းဖြူသန့် ကတော့ ဘရူးနိုင်း နိုင်ငံဆိုင်းဘုတ်ကို ကိုင်ဆောင်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

Photos: Miss 27th SEA Games Myanmar
DVB


No comments:

Post a Comment