ကိုသာကောင်း နဲ့ မယ်လိုဒီ တို့ရဲ့ ဘဝထဲကို အနာဂတ်မိသားစု ဘဝ ပိုမို
လှပပြည့်စုံစေမယ့် ရင်သွေးလေး ရောက်ရှိတာ ၂လကျော်၊ ၃လထဲမှာ ရှိပြီ
ဖြစ်ကြောင်း သိရပါ တယ်။ နှစ်ယောက် စလုံးက ကလေးလိုချင်ခဲ့ တာဖြစ်ပြီး
မျှော်လင့်နေချိန်မှာ ရလာတဲ့ အတွက် ပျော်ရွှင်ခဲ့ ရကြောင်း ကိုလည်း ကိုသာ
ကောင်းက “အခုဆို ကိုယ်ဝန်က၂ လ ကျော်၊ ၃လထဲမှာပါ။ နှစ်ယောက် စလုံး ကလည်း
စယူခဲ့ကတည်းက ကလေးလေး လိုချင်ခဲ့တာ။ ယူမယ်လို့ စဉ်းစားထား တဲ့အချိန်မှာ
ရလာတဲ့ အတွက် တအား ပျော် တယ် ။လောလောဆယ်တော့ ဗိုက် ထဲမှာရှိတဲ့ ကလေးရဲ့
ကျန်းမာရေးနဲ့ ကလေးရဲ့ မိခင် ကျန်းမာရေးကိုပဲ ဂရု စိုက်နေ ရပါတယ်”လို့
ပြောပြခဲ့ပါတယ်။
ကိုယ်ဝန် လွယ်ထား ရတဲ့ အချိန်မှာ ဖြစ် ပေါ်လာတဲ့ မိခင်တစ်ယောက်ရဲ့ခံစား မှု
များနဲ့ ပတ်သက်ပြီး မယ်လိုဒီ ကို မေး ကြည့်တော့ “ပထမဆုံး ကိုယ်ဝန် ရှိပြီ
ဆိုတာ သိလိုက် ရတော့ ခံစားမှုက အစုံပါပဲ။ ပျော်တာတွေရော၊ စိုးရိမ်တာတွေ
ရောပဲ။ မျိုးက အစ ကတည်းက ကလေး ချစ်တယ်။ ယူပြီး ကတည်းက ကလေးရ ဖို့ပဲ အဓိက
ဆိုတော့ အခုရလာတော့ ပျော်တယ်။ မိသားစု ဆိုတာ တန်ဖိုး ဖြတ်လို့မှ မရတာ။
အေးချမ်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင် ချင်တယ်။ မိသားစု တွေ အတူ တူ
အေးအေး ချမ်းချမ်းဖြတ် သန်းချင်တယ်။ ကလေးမွေးပြီးလို့ ကလေး ကြီးလာရင်လည်း
ကလေးရဲ့ ဆန္ဒ အတိုင်းပဲ သူဖြစ်ချင်တာကို အကောင်းဆုံး လုပ်ပေးမယ်။ ကိုယ့် ဘဝက
ကျတော့ ကိုယ့် စိတ်ဆန္ဒကို ဦး စားပေးလို့ရတယ်။ ကလေးကို တော့ သူ့ဘဝသူ
ကြိုက်တာ လုပ်ခွင့်ပေးမယ်။ အခု အချိန်မှာတော့ ကိုယ်ဝန်က နုနေ သေးတော့ တအား
ဂရု စိုက်နေရတယ်။ ကလေးက ဗိုက်ထဲမှာ ရှိနေတာဆိုတော့ ကိုယ့်ရဲ့
ပျော်ရွှင်မှုရော၊ ဝမ်းနည်းတာ ရော ကလေးက အကုန် ခံစားရတာ လေ။ ကိုယ်ကအပူ အစပ်
ပဲဖြစ်ဖြစ်၊ လေ အောင့်တဲ့ အစားအစာ ပဲဖြစ်ဖြစ် စားမိ ရင်ကလေးလည်း ခံစားရမှာ
ဆိုတော့ အပြင် ထွက်လာတဲ့ အချိန်ထက် ဗိုက် ထဲမှာ ရှိနေတဲ့ အချိန်က ပိုပြီး
ဂရုစိုက်ရ တာ ခက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခန္ဓာ ကိုယ်နှစ်ခုက တွဲလျက်
ရှိနေတော့ လေ။ မွေးပြီးရင်တောင် ကိုယ်ကြိုက်တာ စား လို့ရသေးတယ်။ အခုကတော့
တော် တော် ကို ဂရုစိုက်နေရတဲ့ အချိန်ပါပဲ” လို့ ပြောပြခဲ့ပါတယ်။
သိမ့်သိမ့်
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 22, 2014
ကိုယ်ဝန် ၂လကျော်ပြီ ဆိုတော့ ကလေးအတွက် ပိုပြီး ဂရုစိုက်ရတယ် ဆိုတဲ့ မယ်လိုဒီ
ကိုယ်ဝန် ၂လကျော်ပြီ ဆိုတော့ ကလေးအတွက် ပိုပြီး ဂရုစိုက်ရတယ် ဆိုတဲ့ မယ်လိုဒီ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment