
ထိုင်းရဲများ၏ CCTV မှတ်တမ်း ထုတ်ပြန်ချက်အရ ထိုစုံတွဲဟာ အသတ်မခံရမီ နောက်ဆုံးအချိန်က ကမ်းခြေသို့ လက်တွဲပြီး သွားခဲ့ကြောင်း သိရသည်။

CCTV မှတ်တမ်းအရ သေဆုံးသူနှစ်ဦး၏အနားတွင် ချောင်းမြောင်းနေတာကို တွေ့ရှိရသည့် မြန်မာအလုပ်သမားတစ်ဦးအား အဓိက သံသယရှိသူဟု သတ်မှတ်ထား၍ ထိုစုံတွဲ အသတ်ခံရမှုအတွက် မသင်္ကာသော မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဦးအား ဖမ်းဆီးထားကြောင်း သိရသည်။
သံသယရှိသော ထိုအမျိုးသားဟာ အခင်းဖြစ်ရာနေရာမှ အလျှင်စလို တခါတရံ ခပ်မြန်မြန် သွားလာနေခြင်းအား CCTV မှတ်တမ်းများအရ သိရသည်ဟု ထိုင်းရဲမှူးကြီး Somsak Noorod က ဆိုသည်။
ထိုအမျိုးသား သုတ်ခြေတင် သွားလာနေသည့်အချိန်ဟာလည်း ထိုစုံတွဲ အသတ်ခံခဲ့ရသည့် မနက်(၂)နာရီမှ မနက်(၄)နာရီ အချိန်အတွင်း ဖြစ်သည်ဟု သိရသည်။ ထိုအမျိုးသားအား အမှုအတွက် စစ်ချက်ယူလျက်ရှိကြောင်းလည်း ၎င်းက ဆိုခဲ့သည်။
ထိုင်းရဲများက ထိုမြန်မာရွှေ့ပြောင်းအလုပ်သမား သုံးဦး နေထိုင်သော လူနေတိုက်ခန်းမှ သိမ်းဆည်းရမိသည့် ၎င်းတို့အသုံးပြုသော iPhone တစ်လုံးနှင့် သွေးစွန်းနေသော ဂျင်းများအရ ၎င်းတို့သုံးဦးအား ထိုစုံတွဲအသတ်ခံရမှုအတွက် သံသယရှိခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့အား စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။
လုပ်ခလစာနည်းနည်းပေးပြီး ခိုင်းစေခြင်းခံရသည့် မြန်မာနှင့် ကမ္ဘောဒီးယားမှ အခြေခံအဆင့် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအာဏာပိုင်များက အမှုကိစ္စများတွင် စွပ်စွဲအပြစ်တင် ပြောဆိုလေ့ရှိကြောင်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)


No comments:
Post a Comment