Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 27, 2014

ပြင်သစ်နိုင်ငံသား ခေါင်းဖြတ်သတ်ခံရပြီးနောက် ပြင်သစ်တနိုင်ငံလုံး လုံခြုံရေးတင်းကျပ်

index


ပြင်သစ်နိုင်ငံသား အာဗေ ဂူဒဲလ် အသတ်ဖြတ်ခံရအပြီး ပြင်သစ်နိုင်ငံရေးသမားတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို သွေးစည်းညီညွတ်လာကြပြီး အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အရင်ကထက်ပိုပြီး ထိထိရောက်ရောက်အရေးယူမှုတွေ ပြုလုပ်ဖို့ကိုလည်း ပြင်သစ်ပြည်သူတွေ တောင်းဆိုလာကြပါတယ်။

ပြင်သစ်နိုင်ငံသားတဦး အယ်ဂျီးရီးယားနိုင်ငံမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရပြီး စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြင်သစ်တနိုင်ငံလုံးမှာ  လုံခြုံရေးတင်းကျပ်ခဲ့ပါတယ်။ ၀မ်းနည်းဖွယ်အထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံကို တိုင်ဝက် ၃ ရက်ဆက်လွှင့်ထူခဲ့ကြပါတယ်။
အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိတဲ့ ပြင်သစ်သံရုံးတွေကိုလည်း လုံခြုံရေးတိုးမြှင့်ခဲ့ပြီး ပြင်သစ်နိုင်ငံထဲက အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားခဲ့ပါတယ်။
ပါရီမြို့တော်နဲ့ အမေရိကန်မြို့ကြီးတွေရဲ့ မြေအောက်ရထားလိုင်းတွေကို အိုင်အက်စ် အကြမ်းဖက်တွေ တိုက်ခိုက်မယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေ ရခဲ့တယ်လို့လည်း အီရတ်ဝန်ကြီးချုပ်က  စက်တင်ဘာလ ၂၅ ရက်နေ့က ပြောဆိုပါတယ်။
ပြင်သစ်မွတ်စလင်အဖွဲ့ချုပ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ အိုင်အက်စ်အကြမ်းဖက်တွေကို ဆန့်ကျင်ဆန္ဒပြပွဲ ကျင်းပခဲ့ပါတယ်။

No comments:

Post a Comment