စက်တင်ဘာ ၅
စစ်ကိုင်းတိုင်း ဒေသကြီး ချောင်းဦးမြို့နယ် အပိုင်တွင် ၅/၉/၂၀၁၄ ရက်နေ့ 
ယနေ့  နေ့ လည် ၁၁း၃၀ အချိန်ခန့် က မုံရွာ – မန္တ လေး အဝေးပြေး ကားလမ်း
မကြီးပေါ်မှာ မောင်းနှင် လာတဲ့ ကားပေါ် ထနောင်းပင်လဲပြို ကျရာမှ ခရီးသည်
လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သစ်ထူးလွင် မှ
သတင်းရရှိပါတယ်။
ချောင်းဦးမြို့နယ် ရေပိုးစား ဇရပ်အနီး လမ်းဘေးရှိ ထနောင်းပင်သည်
မြေသားအိပြီး လဲပြိုကျစဉ် မန္တလေးဘက်မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော
7F/****ခရီးသည်တင် ဒိုင်နာယာဉ်ပေါ်သို့ လဲပြိုပိမိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ထနောင်းပင် လဲကျမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်လေးဦး
သေဆုံးပြီး ရှစ်ဦးဒဏ်ရာများ ရရှိခဲ့သဖြင့် အခင်းဖြစ်ပွာရာ နေရာသို
့ချောင်းဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ များ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ ဝင်များ မီးသတ်တပ်ဖွဲ့ ဝင်များ လူမှုရေး အသင်းအဖွဲ့ များရောက်ရှိ
ကူညီဆောင်ရွက်မှုများ ပေးခဲ့ကြောင်း သိရပါသည်။
ဇော်ရှင်း
BY THIT HTOO LWIN
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 5, 2014
မောင်းနှင်နေတဲ့ ယာဉ်ပေါ် ထနောင်းပင်လဲပြိုကျရာမှ ခရီးသည်လေးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
မောင်းနှင်နေတဲ့ ယာဉ်ပေါ် ထနောင်းပင်လဲပြိုကျရာမှ ခရီးသည်လေးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 05, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment