By မောင်တာ
ကျောက်ပုတီး ရောင်းဝယ်နေကြသူများ (ဓာတ်ပုံ − စိုင်းသာအောင်)
တရုတ်နိုင်ငံသား ကျောက်မျက်ကုန်သည်များ၏ ဈေးကစားမှုကြောင့် စစ်ကိုင်းမြို့ ရှိ ကျောက်စိမ်းပုတီးစေ့ထုတ် လုပ်ရောင်းချသူများ အခက်တွေ့နေကြောင်း သတင်းရရှိသည်။
တရုတ်ကျောက်မျက်ကုန် သည်များက ကျောက်စိမ်းပုတီးစေ့ များ ၀ယ်ယူရာတွင်ဈေးနှိမ်ဝယ် ယူခြင်းနှင့် ကျောက်ပုတီးအလုံး တစ်ရာဝယ်ယူလျှင် ပုတီးစေ့များ အပိုဆောင်း ပေးနေရခြင်းတို့ ကြောင့် စစ်ကိုင်းမြို့ခံကျောက် စိမ်းပုတီးစေ့ထုတ်လုပ်ရောင်းချ နေသူများ အခက်တွေ့နေရ ကြောင်း ဒေသခံလုပ်ငန်းရှင်များ က ပြောသည်။
‘‘တရုတ်ကုန်သည်တွေပဲ ၀ယ်လက်ကရှိတော့ သူတို့ဈေး ကစားတာ ခံနေရတယ်။ သူတို့ ဆင်းလာပြီး အ၀ယ်များရင် အ ရောင်းအ၀ယ်ကောင်းတယ်။ သူ တို့မလာရင် အရောင်းအ၀ယ်မ ဖြစ်ဘူး။ ပြီးတော့ သူတို့ကိုကော်မ ရှင်ခနဲ့ အပိုဆောင်းပေးရတော့ ဒေသခံတွေ သိပ်အဆင်မပြေဘူး’’ ဟု စစ်ကိုင်းမြို့မှ ကျောက်စိမ်း ပုတီးစေ့ထုတ်လုပ်သည့် လုပ်ငန်း ရှင်တစ်ဦးကပြောသည်။
ကျောက်စိမ်းပုတီးစေ့အလုံး တစ်ရာဝယ်ယူလျှင် အပိုဆယ်လုံး ပေးရပြီး အိမ်ခံပွဲစားကို ငါးရာခိုင် နှုန်းကော်မရှင်ခ ပေးနေရသည် ဖြစ်ရာ ပုတီးစေ့အရောင်းအ၀ယ် လုပ်ငန်းတစ်ခုလုပ်တိုင်း ဒေသခံ လုပ်ငန်းရှင်မှာ ဆယ့်ငါးရာခိုင် နှုန်းနစ်နာမှုရှိသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင်မူ တရုတ် ကျောက်ကုန်သည်များ စစ်ကိုင်း ကျောက်ပုတီး ဈေးကွက်သို့ နေ့စဉ် လာရောက်ဝယ်ယူမှုနှင့် တရုတ်ငွေဈေးမြင့်တက်နေမှုတို့ ကြောင့် အရောင်းအ၀ယ်အနည်း ငယ်အဆင်ပြေသော်လည်း ဒေသ ခံလုပ်ငန်းရှင်များမှာ ဈေးနှိမ်ခံနေ ရဆဲဟု ကျောက်ပုတီးစေ့ထုတ် လုပ်ငန်းရှင်များကပြောသည်။
‘‘စီးပွားကူးသန်းဝန်ကြီးဌာန ကိုလည်း တင်ပြထားပါတယ်။ အ ပိုဆောင်းမယူဖို့၊ ကော်မရှင်ခမ ပေးရဖို့နဲ့ ၀ယ်သူ၊ ရောင်းသူ လက် ငင်းငွေချေရောင်းချဖို့ စည်းကမ်း ချက်တွေ ထုတ်ထားပါတယ်။ ဒါ ပေမဲ့ အသင်းက တရားဝင်မှတ် ပုံတင်မကျသေးတော့ ကျွန်တော် တို့ အသင်းကထုတ်တဲ့ စည်းကမ်း တွေကို လိုက်နာမှုအားနည်းပါ တယ်’’ဟု စစ်ကိုင်းမြို့နယ် ကျောက်စိမ်းအချောထည်လုပ် ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကံ သောင်းကပြောသည်။
စစ်ကိုင်းမြို့တွင် ကျောက် စိမ်းပုတီးစေ့ထုတ် လုပ်ငန်းကို ၁၉၉၀ ပြည့်နှစ်ခန့်မှ စတင်လုပ်ကိုင်နေကြခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင် နေသည့် လုပ်သားသောင်းချီရှိ သည်။
စစ်ကိုင်းမြို့ရှိ ကျောက် စိမ်းပုတီးစေ့ထုတ်လုပ်သည့် လုပ် ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုး တက်ရန် ရင်းနှီးငွေများ လိုအပ် နေသည်ဟု ဒေသခံလုပ်ငန်းရှင် များကပြောသည်။
7 Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, September 2, 2014
တရုတ်ကုန်သည်များ ဈေးကစားမှုကြောင့် စစ်ကိုင်းကျောက်စိမ်းပုတီးစေ့လုပ်ငန်းများ အခက်တွေ့
တရုတ်ကုန်သည်များ ဈေးကစားမှုကြောင့် စစ်ကိုင်းကျောက်စိမ်းပုတီးစေ့လုပ်ငန်းများ အခက်တွေ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 02, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 02, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment