Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 21, 2014

မွတ်စလင် တစ်ဦးရဲ့ ရင်ဖွင့်သံ


ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀ တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။
ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များ လာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။

ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန် တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။
ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှု တိုက်ပွဲတွေကနေ ကာကွယ်ပေး နိုင်မယ်လို့ ထင်ပါတယ်။

****ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ****

ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီး ယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။
နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာ ပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။

အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ
ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာ ၀င်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။

နောက်ပြီးတော့ ဂျိဇီယာ (Jizia) လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်… စာရေးသူ)

ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို
တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။

***ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက် သူများလို့ ဆဲရေးတိုင်းထွာကြတယ်။
**** ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင် ကလေး ငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရား နဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေ လား။ အမုန်းတရားလက်ဆောင်တွေလား။

ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။

ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာ ဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေး တဲ့ အမျိုးသမီးငယ်လေးတွေ အပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်း ဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်း ကန့်ကွက်ကြပါတယ်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့ အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်
ပြောရမှာတော့ ၀မ်းနည်းပါတယ်။

မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက် တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက် ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။

ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက် ဖို့ တောင်းဆိုနေကြတယ်။

ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ် အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေး အားမြှောက် မပြုပါကြောင်း ဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။
ကျွန်တော်တို့ရဲ့ သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ် အကြမ်းဖက် သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။

ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ
ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာ
နေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့-မယားများစွာယူခြင်း၊-အရွယ် မရောက်သူများကို လက်ထပ်ခြင်း၊-ကျွန်စနစ်၊-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင် ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။

ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်ပြီး
နောက်ကွယ်ကနေ ရက်စက်ဘို့ မီးထိုးပေးတတ်တဲ့ အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့် အချိန်ပါပဲ။

ဘာသာပြန် - ခက်ထန်
မူရင်းဆောင်းပါး > we Muslims have to change

Aye Zaw 

No comments:

Post a Comment