Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 21, 2014

ထိုင်းကမ်းခြေတွင် အသတ်ခံခဲ့ရသည့် စုံတွဲသည် မိန်းကလေးအား ဘားတစ်ခုအတွင်း ချည်းကပ် ရန်ကြိုးပမ်းခဲ့သည့် လူမိုက်များနှင့် စကားများခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်

ဒေးဗစ်မေလာနှင့် ၀စ်သာရစ်ခ်ျတို့သည် စက်တင်ဘာ၁၅ ရက်နံနက်အစောပိုင်းက ကမ်းခြေတွင် အသတ်မခံရမီ ညပိုင်းက ဘားတစ်ခုအတွင်း ဟန်နာအား ချည်းကပ်ရန် ကြိုးပမ်းသည့် ဒေသခံ လူမိုက်များနှင့် စကားများခဲ့ဖွယ်ရှိကြောင်း လုံခြုံရေးကင်မရာမှတ်တမ်းများကို အခြေခံ၍ ရဲများ က ထုတ်ပြန်ထားသည်။
Hannah-Witheridge 3
ဟန်နာအား ချည်းကပ်ရန် ကြိုးပမ်းသူများမှာ ဒေသခံလူမိုက်အဖွဲ့မှဖြစ်ကြောင်း ရဲများက သတ်မှတ်ထားပြီး ၎င်းအနေဖြင့် အခင်းဖြစ်ပွားသည့် ခိုတောင်ကမ်းခြေမှ ထွက်ခွာသွားဖွယ်ရှိကြောင်း စိုးရိမ်လျက်ရှိသည်။
ဟန်နာ၏ခန္ဓာကိုယ်ပေါ်တွင် တွေ့ရှိရသည့် ဒီအင်န်အေ နမူနာများကို နောက်ဆုံးစစ်ဆေး တွေ့ရှိ ချက်များအရ အခင်းဖြစ်ပွားမှုတွင် အာရှ သားနှစ်ဦး ပါဝင်ခဲ့ကြောင်း တွေ့ရှိထားသည်။
သေဆုံးသွားသူနှစ်ဦးအား မူးယစ်ဆေးသုံးစွဲထားခြင်းရှိ၊မရှိ စစ်ဆေးခဲ့ကြောင်း ထိုင်းရဲချုပ် ဆွန်ယောက်ပွန် ပန်မောင်က ပြောကြားခဲ့သော် လည်း ၎င်းတို့၏ ကျန်ရစ်သူမိသားစုများကို လေးစား သောအားဖြင့် အဖြေကို မထုတ်ပြန်ခဲ့ပေ။
လုံခြုံရေးကင်မရာမှတ်တမ်းတွင် အပေါ်ပိုင်းပန်းရောင်နှင့် စကတ်အဖြူရောင် ၀တ်ဆင်ထားသော ဟန်နာနှင့် သူမ၏ သူငယ်ချင်းများ အပြင် ဒေးဗစ်နှင့် ၎င်း၏ သူငယ်ချင်း ခရစ်ဝဲလ်တို့ကိုလည်း တွေ့ရှိခဲ့ရသည်။
Hannah-Witheridge 1
ဒေးဗစ်သည် စက်တင်ဘာနံနက်  ၁ နာရီခန့်တွင် ဟန်နာအား ရှာဖွေရန် ဟိုတယ်ခန်းမှ ထွက်ခွာသွား ခဲ့ကြောင်း သိရ သည်။ ဒေးဗစ် သည် ကျောနံပါတ် ၉ အင်္ကျီဝတ်ဆင်ထားသည့် ဒေသခံအမျိုး သားတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်နေသည်ကိုလည်း ကင်မရာမှတ်တမ်း တွင် တွေ့ရှိခဲ့ရသည်။
ဟန်နာနှင့် ဒေးဗစ်တို့သည် သြစတြေးလျနိုင်ငံသားပိုင် Choppers Bar and Grill တွင် အတူသောက်ခံကြပြီး AC နိုက်ကလပ်သို့ ၀င် ခဲ့ပြီးနောက် ကမ်းခြေသို့ ထွက်ခွာသွားရမှ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရဲများအနေဖြင့် အဆိုပါအမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုများတွင်လည်း ဒေသခံများက မဖြေဆိုရဲ သောကြောင့် အခက်အခဲများ ကြုံတွေ့နေရ သည်။ “လူသတ်မှုကျူးလွန်တဲ့သူက ဒေသခံဖြစ်တယ်ဆိုင် အဲဒီက လူတွေက ရဲတွေကို ဘာမှ မပြောရဲကြပါဘူး” ဟု တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ သည်။
David-Miller 2
David-Miller 1

Ref: The Mirror
Mizzima

No comments:

Post a Comment