ရန်ကုန်မြို့၌ နေထိုင်ရန် နိုင်ငံခြားသား အများစုသည်ဗဟန်း၊ ကမာရွတ်
စသည့်မြို့ နယ်များကို အများဆုံး ရွေးချယ် လာကြကြောင်း House.com
အွန်လိုင်း ကုမ္ပဏီ၏ စစ်တမ်းများမှ သိရသည်။
ဗဟန်းနှင့် ကမာရွတ်မြို့နယ် များသည် နိုင်ငံခြားသားများ အ နှစ်သက်ဆုံး
မြို့နယ်များဖြစ်ပြီး မရမ်းကုန်းနှင့် မြို့ထဲ အနီးတစ် ၀ိုက်တွင်
နေထိုင်လိုသူများလည်း အနည်းငယ်ရှိကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။
ပြည်တွင်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းတစ်ခုဖြစ်သော ရဲရင့်ချမ်းသာ
အိမ်ခြံမြေ လုပ်ငန်း မန်နေဂျာ မစန္ဒာက ‘‘ဗဟန်းကတော့ နိုင်ငံခြားသားတွေ
အကြိုက်ဆုံး မြို့နယ်ပါ။ အိမ်လာမေးရင်လည်း ဗဟန်းဘက်ကိုပဲ
ဦးစားပေးလိုချင်ကြတယ်။ အဆင်မပြေတော့မှ တခြားမြို့နယ်တွေကို သွားကြပါတယ်။
ဒဂုံဘက်နဲ့ ကမာရွတ်၊ မရမ်းကုန်းဘက်က အိမ်တွေလည်း ငှားကြပါတယ်’’ဟု ပြောသည်။
အိမ်ငှားရမ်းခအတွက် အ နည်းဆုံး ကန်ဒေါ်လာ ၄၀၀ မှ အများဆုံး ၁,၅၀၀ အထိ သုံးစွဲကြ သည်ဟု သိရသည်။
‘‘နိုင်ငံခြားသားတွေအနေနဲ့ ကျတော့ အိမ်တွင်းပရိဘောဂ၊ အားလုံးပြင်ဆင်ပြီးသား
အသင့် တက်နေနိုင်တဲ့ အိမ်တွေကိုပဲ သဘောကျကြတယ်။ သူတို့က အ၀တ်ထုပ်လောက်ပဲ
ဆွဲပြီးလာချင်တာ။ တစ်ခါတလေကျတော့ အိမ်ကိုသဘောကျရင် အိမ်ရှင်နဲ့ ညှိပြီး
ပိုက်ဆံပိုပေးပြီး ဆင်းခိုင်းတယ်။ အဆင်ပြေအောင်လုပ်ပေးရတာပေါ့’’ဟု မလိခူး
အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်က ပြောသည်။
နိုင်ငံခြားသား အများစုက ကွန်ဒိုတိုက်ခန်းများ ၀ယ်ယူနေ ထိုင်လိုသော်လည်း
ကွန်ဒိုဥပဒေ မှာ တိကျစွာ ထွက်ပေါ်လာခြင်း မရှိသေးသောကြောင့် ၀ယ်ယူခွင့်
မရရှိသေးပေ။
ရန်ကုန်တွင် နိုင်ငံခြားသား များ အိမ်ငှားရမ်း နေထိုင်ပါက ဘာသာစကား
အခက်အခဲနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်သော မိုဘိုင်းဖုန်း၊ အင်တာ
နက်စသည်တို့မှာ ၎င်းတို့အတွက် အကြီးမားဆုံး အခက်အခဲများ ဖြစ်သည်ဟု ပြည်တွင်း
အလုပ်ရှာ ၀က်ဘ်ဆိုက်တစ်ခုတွင် လူထု ဆက်သွယ်ရေး အတိုင်ပင်ခံအ
ဖြစ်လုပ်ကိုင်နေသူ မစ္စတာ ဘန်း နက်က ပြောသည်။
ပြည်တွင်းစီးပွားရေး လုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံမည့်
ပြည်ပလုပ်ငန်းရှင်များသည် ဟိုတယ်တွင် ကာလ ကြာရှည်စွာ တည်းခိုပါက
စရိတ်ကြီးမြင့်လွန်း သဖြင့် မြို့တွင်း၌ ငှားရမ်းနေထိုင် သူများပြားလာပြီး
အမေရိကန် နိုင်ငံမှ အများဆုံးဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်
ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်တွင်းသို့ ခရီးသွားဝင် ရောက်မှု အခြေအနေမှာ ၂၀၁၂ ခုနှစ်တွင်
တစ်သိန်းကျော်သာ ၀င်ရောက်ခဲ့ရာမှ ပြီးခဲ့သည့်နှစ် တွင် စုစုပေါင်းဦးရေ ၂
ဒသမ ၀၄ သန်း ၀င်ရောက်ခဲ့သည်။ ယခုနှစ် သြဂုတ်လကုန်အထိ စာရင်းတွင် ၁ ဒသမ ၈
သန်းဝင်ရောက်ပြီးဖြစ် ရာ နှစ်ကုန်အထိ သုံးသန်းဝင် ရောက်ရန် ဟိုတယ်နှင့်
ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်း ထားသည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment