ရန်ကုန်၊ စက်တင်ဘာ ၇။ ဆွမ်းဘုဉ်းပေးနေစဉ် စနောက်ရာမှ
ဘုန်းကြီးချင်းဓားနှင့်ထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဖြစ်စဉ်တစ်ခု
စက်တင်ဘာ ၆ ရက်၊ နံနက် ၆ နာရီခွဲဝန်းကျင်ခန့်က ပဲခူးမြို့အတွင်း
ဖြစ်ပွားခဲ့သည်ဟု ပဲခူးမြို့၊ အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ပြောသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့၊ မဇင်းရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း
ကျောင်းတွင်သင်တန်း တက်ရောက်နေသည့် သက်တော် (၃၀) နှစ်၊ (၁၀) ၀ါရှိ
သံဃာနှစ်ပါး ဖြစ်သည့် ဥူးဥက္ကံသနှင့် ဥူးနာဝိန္ဒတို့ နှစ်ပါးသည်
ဆွမ်းဘုဉ်းပေး နေစဉ် အချင်းချင်း စနောက်ခဲ့သည်။
ထိုသို့ စနောက်နေစဉ် ဥူးနာဝိန္ဒမှ အသီး လှီးရာတွင် အသုံးပြုသည့် အရိုးအသွား
ရှစ်လက်မခန့် ရှိသော စတီးဓား နှင့်ထိုးခဲ့သဖြင့် ဥူးဥက္ကံသတွင် ၀ဲဘက်နံဘေး
ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ၀ဲနားထင် ပြတ်ရှ ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး
ဥူးနာဝိန္ဒမှာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့သည်ဟု ရဲမှတ်တမ်း များတွင်
ဖော်ပြ ထားသည်။
အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်စိုးတင့်က “ဒဏ်ရာရတဲ့သံဃာကတော့
အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့ပါဘူး၊ ထွက်ပြေးတဲ့ သံဃာကို ဖမ်းမိဖို့
အတွက်ကျောင်းထိုင်ဆရာတော်ကို အကူအညီတောင်းထားပါ တယ်၊
နောက်ပြီးအခြားနယ်မြေရဲစခန်းတွေကိုလည်း သတင်းပို့ထားပါတယ်” ဟုပြောသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဦးနာဝိန္ဒကိုအရေးယူပေးပါရန်
ဒုရဲအုပ်စိုးတင့်ကတရားလိုပြုတိုင်တန်းပြီး ပဲခူးအ မှတ် (၂) နယ်မြေရဲစခန်းမှ
(ပ) ၃၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
mizzima
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 8, 2014
ဆွမ်းဘုဉ်းရင်း စနောက်ရာမှ ဘုန်းကြီးချင်း ဓားဖြင့်ထိုး
ဆွမ်းဘုဉ်းရင်း စနောက်ရာမှ ဘုန်းကြီးချင်း ဓားဖြင့်ထိုး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment