Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

ဗမာသွေးပါတဲ့ ရိုးတွင်းခြင်ဆီ အလှူ လိုအပ်နေတဲ့ ဗြိတိန်က အမျိုးသမီး



သူမ နာမည်ဟာ Nikki လို့ အမည်ရ ပါတယ်။ လက်ရှိ ဗြိတိန်ရဲ့ အွန်လိုင်း၊ ရုပ်သံ၊ သတင်းစာ မီဒီယာ တို့မှာ နာမည်ကြီး အဖော်ပြခံနေရတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အမေ ဖြစ်သူက အန်ဂလို-ဗမာ လူမျိုး ဖြစ်ပြီး အဖေကတော့ Irish လူမျိုး ဖြစ်ပါတယ်။ အန်ဂလိုဆိုတာကတော့ အင်္ဂလန်၊ နယူးဇီလန်တို့မှာ နေထိုင်တဲ့ အင်္ဂလိပ်လူမျိုး တစ်ခု ဖြစ်ပါတယ်။ လက်ရှိသူမဟာ Acute myeloid leukaemia လို့အမည်ရတဲ့ ကင်ဆာရောဂါ ဝေဒနာ ခံစားနေရပြီး ရိုးတွင်း ခြင်ဆီ အလှူရှင်မရှိရင် အသက်သေဆုံးရတော့မယ့် အမျိုးသမီး ဖြစ်ပါတယ်။

ရိုးတွင်းခြင်ဆီ လှူဖို့ဆိုတာ အမျိုးအစား တိုက်ဆိုင်မှ ရတာကြောင့် သူမလို့ လူမျိုး သုံးမျိုး စပ်တဲ့သူကို အင်မတန် ရှာရခက်နေ ပါတယ်။ ဒါကြောင့်မို့ပဲ ဗြိတိန်က BBC နဲ့ အခြားသော ရုပ်သံ မီဒီယာ၊ သတင်းစာ မီဒီယာနဲ့ ဝဘ်ဆိုဒ်တို့မှာ အဖော်ပြခံလာရသူ ဖြစ်ပြီး အလှူရှင်ရနိုင်ဖို့ မျော်လင့်နေကြ ပါတယ်။ ဒီတော့ သူမလိုအပ် နေတဲ့ ရိုးတွင်းခြင်ဆီကို ခွဲပေးနိုင်သူ လှူပေးနိုင်သူကလည်း သူမလို အန်ဂလို-ဗမာ-အိုင်းရစ်ခ်ျ လူမျိုး ဆက်သူ ဖြစ်ဖို့ပဲ များပါလိမ့်မယ်။ ပုံသေနည်း မဟုတ်ပေမယ့် ဆေးပညာအရ မျိုးရိုး ဆက်စပ်မှု ရှိခြင်း တူညီတဲ့ ရိုးတွင်းခြင်ဆီကို ရရှိစေလို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဗြိတိန်မှာရော၊ အန်ဂလိုလူမျိုးအများစု နေထိုင်တဲ့ နယူးဇီလန်၊ အမေရိက နဲ့ အခြားသော နိုင်ငံတို့မှာ ပြန့်နှံ့နေတဲ့ သတင်း ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်မှာလည်း ရှိနိုင်မရှိနိုင်သေချာ ပြောလို့ မရပါဘူး။ သူမဟာ လက်ရှိမှာ သားသမီး နှစ်ဦး ရှိပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ သတင်း အပြည့် အစုံကို http://m.theargus.co.uk/news/11473446.Brighton_mum_needs_life_saving_bone_marrow_transplant/?ref=fbshr
 
ထဲမှာ ဖော်ပြ ထားပါတယ်။ သူမ အတွက် ရိုးတွင်းခြင်ဆီ အလှူရှင်ရှာနေတဲ့ Page ကတော့ အောက်ပါ Page ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment