Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

Winnie the Pooh

Winnie the Pooh ကို ၁၉၂၅ခုနှစ်မှာ Alan Alexander Milne ဆိုသူတစ်ဦးက သူ့သားလေးအတွက် ရုပ်ပြရေးဆွဲပေးရာကနေ မွေးဖွားလာခဲ့တဲ့ ကာတွန်းရုပ်တစ်ရုပ်ဖြစ်တယ်။ Poohရဲ့ချစ်စရာကောင်းတဲ့ အပြင်ပန်းနဲ့ စရိုက်လက္ခဏာတို့ကြောင့် ဒစ္စနီကုမ္ပဏီရဲ့ဝယ်ယူခြင်းကို ခံခဲ့ရတယ်။ ဒစ္စနီကုမ္ပဏီကနေ အသစ်ပြန်လည်ရေးဆွဲပြီးနောက် ကမ္ဘာ့ဇာတ်ခုံပေါ်တင်လိုက်ချိန်ကစပြီး အခုအချိန်ထိ နာမည်ရကာတွန်းရုပ်တွေထဲမှာ Poohလည်း အပါအဝင်ဖြစ်ခဲ့တယ်။ ဝက်ဝံလေးရဲ့ပုံစံက ရိုးသားလိမ်မာပေမယ့် သူပါဝင်တဲ့ပုံပြင်ဇာတ်လမ်းမှာတော့ လူ့ဘဝအသိတရားတွေ နက်နက်နဲနဲပါဝင်နေခဲ့ပါတယ်။ Poohရဲ့ပုံပြင်ဇာတ်လမ်းတွေမှာပါတဲ့ အောက်ကအချက်တချို့က သင့်ကိုတွေးတောမှုတွေ ပေးနိုင်ပါလိမ့်မယ်။

(၁) “ချစ်တာကို ဘယ်လိုရေးမလဲ” ဝက်ကလေးက မေးတယ်။
“ချစ်တာကို ချရေးလို့မရဘူး.. နှလုံးသားနဲ့ပဲ ခံစားလို့ရတာ” ဝက်ဝံလေးက ဖြေတယ်။

(၂) လောစရာမလိုဘူးဆိုတာ ရေစီးကြောင်းက သိတယ်.. တစ်နေ့တော့ ဟိုဘက်ကမ်းကို ငါတို့ရောက်မှာပဲလေ။

(၃) တခြားလူတွေနဲ့မတူ ငါ့ကိုတမူထူးခြားစေတာက တကယ်တော့ “ငါကိုယ်တိုင်”ဆိုတာပဲလေ။

(၄) ငါအိပ်မက်မက်ချင်တယ်ဆိုတာက ငါတို့အချင်းချင်း အကြာကြီးခွဲမနေအောင်လို့ပါ။ တကယ်လို့ ငါတို့ဟာ တစ်ယောက်ရဲ့အိပ်မက်ထဲ တစ်ယောက်ပါဝင်မိကြရင် အမြဲတမ်း ငါတို့အတူနေရပြီပေါ့။

(၅) တောနက်ရဲ့ထောင့်တစ်နေရာမှာပဲ တခြားသူအလာကို သင်စောင့်နေလို့မရဘူး။ တစ်ခါခါမှာ သင့်ကိုယ်တိုင်လည်း သူတို့ကို အရင်သွားရှာရတယ်။

(၆) ငါ့ကို ဘယ်တော့မှမမေ့ဘူးလို့ နင်ကတိပေးပါ။ တကယ်လို့ ငါ့ကို နင်မေ့မယ်ဆိုရင် နင့်ကိုငါခွဲမသွားတော့ဘူး။

(၇) သူတစ်ပါးကို နည်းနည်းညှာတာထောက်ထားမယ်၊ သူ့အတွက် နည်းနည်းပိုတွေးပေးမယ်ဆိုရင် ကြီးမားတဲ့ပြောင်းလဲခြင်းကို ဖြစ်စေပါတယ်။

(၈) တစ်ခါတလေမှာ ဘာမှမပြောပလောက်တဲ့အရာလေးတစ်ခုက ကိုယ့်ရင်ဘတ်ကြီးတစ်ခုလုံးကို နေရာယူထားတတ်တယ်။

(၉) သူငယ်ချင်းမိတ်ဆွေမရှိတဲ့ နေ့ရက်တစ်နေ့က ဘူးထဲမှာ ပျားရည်မရှိတဲ့နေ့လိုပါပဲ။

(၁ဝ) တကယ်လို့ တစ်နေ့နေ့မှာ ငါတို့အတူမနေရတော့ရင် ငါ့ကို နင့်ရင်ထဲထည့်ထားပါ… အဲဒီနေရာလေးမှာပဲ ငါအမြဲရှိနေမှာပါ။

(၁၁) ချစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို နောက်ခြေနှစ်လှမ်းဆုတ်ခြင်းပါပဲ။
ကိုယ်ချစ်တဲ့လူဆီ ပျော်ရွှင်ခြင်းအရောက်သွားနိုင်ဖို့ လမ်းဖယ်ပေးတာပဲဖြစ်တယ်။

မူရင်းလင့် -- http://www.juksy.com/archives/34700-2

 

နိုင်းနိုင်းစနေ (July. 25. 2014)

No comments:

Post a Comment