Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

ဦးသိမ်းဆွေနဲ့ ဦးဖြိုးဇေယျာသော် ဆွေးနွေးပွဲ ဒဂုံတက္ကသိုလ်မှာ ပါချုပ်နှောင့်ယှက်



ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးစီးပြီး လွှတ်တော်အမတ် ဦးသိမ်းဆွေနဲ့ ဦးဖြိုးဇေယျာသော်တို့ကို လွှတ်တော်အတွေ့အကြုံ ဆွေးနွေးဖလှယ်တဲ့ပွဲကို သြဂုတ် ၁၁ရက်နေ့က ဒဂုံတက္ကသိုလ်နားနေဆောင်မှာ ကျင်းပခဲ့ပါတယ်။ ပါမောက္ခချုပ်က ဒီဆွေးနွေးပွဲ ဘယ်လိုနှောင့်ယှက်ခဲ့သလဲ။

ကျောင်းသားတွေနဲ့သက်ဆိုင်နဲ့ အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့ကိစ္စ ပညာရေးနယ်ပယ်မှာ သိတဲ့သူသိပ်မရှိလို့ ဒီလိုလွှတ်တော်အမတ်တွေရဲ့ အတွေ့အကြုံကို ဆွေးနွေးဖို့ ဖိတ်ကြားတာဖြစ်ပြီး အခုလိုပွဲစီစဉ်ဖို့ ပါမောက္ခချုပ်က ဘယ်ခမ်းမကိုမှ မပေးနိုင်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လာရင်တောင် သူ့ကိုစာတင်ရမယ်လို့ အာဏာပြခဲ့တယ်လို့ ကိုမင်းသုခက ပြောပါတယ်။

ကျောင်းသားသမဂ္ဂက စီစဉ်တဲ့ပွဲကို တိုက်ရိုက်မနှောင့်ယှက်ပေမယ့် နောက်ကွယ်ကနေ ကျန်တဲ့ကျောင်းသားတွေကို ခြိမ်းခြောက်ဖိအားပေးတာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားတွေကို လွှတ်တော်အတွေ့အကြုံ ဆွေးနွေးခဲ့တဲ့ ဦးသိမ်းဆွေက နိုင်ငံရေးပါတီအတွက် မဲဆွယ်စည်းရုံးဖို့ လာတာမဟုတ်ဘဲ ကျောင်းသားသမဂ္ဂမှာ တက်တက်ကြွကြွလုပ်နေတဲ့ ညီငယ်ညီမငယ်တွေကို အားပေးဖို့ပါလို့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်က အမျိုးသားပညာရေးဥပဒေ အတည်ပြုတဲ့နေ့ကစပြီး ၅နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုတွေ အပြီးအစီးလုပ်ဆောင်ရမှာဖြစ်တဲ့အကြောင်း၊ တက္ကသိုလ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိဖို့ ကြိုးစားချင်တဲ့အကြောင်း၊ အခြားတက္ကသိုလ်တွေက ပါမောက္ခတွေ၊ အခြားပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိဖို့လိုကြောင်း၊ အခုနောက်ဆုံး အမျိုးသားပညာရေး မူကြမ်းကို ရာနှုန်းပြည့် ကျေနပ်မှုမရှိပေမယ့် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားထားတယ်လို့ ပြောပြပါတယ်။

ကျောင်းသားသမဂ္ဂအလံတွေနဲ့ ကျောင်းသားအရေး လုပ်ကိုင်ခွင့်မရှိခဲ့တဲ့ သူ့ရဲ့ကျောင်းသားဘဝဖြတ်သန်းမှုနဲ့ နှိုင်းယှဉ်ပြီး အခုအချိန် သမဂ္ဂစိတ်ဓာတ်နဲ့ ကျောင်းသားတွေ စုစည်းညီညွတ်တာတွေ့ရတဲ့အတွက် ကျေနပ်တယ်လို့ ဆိုပါတယ်။

Credit: kamayut media

No comments:

Post a Comment