Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 14, 2014

ပဟေဠိဆန်တဲ့ MH 370 ပျောက်ဆုံးမှု နောက်ဆက်တွဲ ပဟေဠိဆန်မှု

 

ကမ္ဘာလောကကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေက နောက်ထပ် ထူးဆန်းတာတွေ ထပ်ဖြစ်လေ့ ရှိတတ်တယ် ဆိုတဲ့ စကားက မှန်သလိုဖြစ်နေပါပြီ။ 

အခုလည်း ပြီးခဲ့တဲ့မတ်လ ၈ ရက်နေ့ကတည်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ပီကင်း မြို့ကို အသွား ထူးထူးဆန်းဆန်း ပျောက်ဆုံးနေဆဲဖြစ်တဲ့ မလေးရှားလေကြောင်းလိုင်း MH 370 လေယာဉ်
ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦး ရဲ့ ဘဏ် အကောင့်တွေကနေ ငွေ ထုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။

 မလေးရှားလေကြောင်းလိုင်းက လေယာဉ်တချို့- ဓာတ်ပုံ- The Straits Times
ဒီအကြောင်း The Straits Times သတင်းတပုဒ်မှာ MH370 လေယာဉ်ခရီးသည်တွေရဲ့ ဘဏ်အကောင့်က ထူးဆန်းစွာ ငွေ ထုတ်ယူမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့က သတင်း ရေးသားထားပါ တယ်။

အခုထိ အစအန ရှာမရတဲ့ MH 370 လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည် ၄ ဦးရဲ့ ဘဏ်အကောင့်တွေကနေ မလေးရှား ငွေ RM ၁၁၁, ဝဝဝ ( စင်ကာပူ ဒေါ်လာ ၄၃၄၁၉ ) ပမာဏ ရှိ ငွေကြေးကို ATM ကနေ ဇူလိုင် လ ၁၈ ရက်နေ့ က  ငွေထုတ်ယူမှုဖြစ်ခဲ့တာကို ဘဏ်က သံသယ ဖြစ်ဖွယ် အဖြစ်သတ်မှတ် သတိထားမိပြီး စိုးရိမ်ပူပန်ခဲ့ပါတယ် လို့ City Commercial Crime Investigation Department လက်ထောက်အကြီး အကဲ အီဇန္နီ အဗ္ဗဒူလ် ဂါနီက ပြောထားပါတယ်။

သြဂုတ်လ ၂ ရက်နေ့ ရဲသတင်းပို့မှုမှာ ဒီကိစ္စကို ဘဏ်လုပ်ငန်းဆိုင်ရာ ဌာနတွင်း ခြေရာခံ စုံစမ်းစစ်ဆေးမှု
တွေ လုပ်နေပြီလို့ ဖော်ပြထားပါတယ်။

 “ ကျနော်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေပါပြီ” လို့ သူက မနေ့တုန်းက သတင်းထောက်တွေကို ပြောဆိုထား ပါ တယ်။

 စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကာယကံရှင် မသိပဲ တရားမဝင် ငွေထုတ်ယူမှုဆိုတဲ့ ဥပဒေချိုးဖောက်တဲ့ ကိစ္စ အဖြစ် လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံရဲ့ ကွန်ပျူတာ ရာဇဝတ်မှု ဆိုင်ရာ ၁၉၉၇ ခုနှစ် အက်ဥပဒေ ပုဒ်မ ၄ (၁) အရ ပြစ်မှု ကျူး လွန် သူကို မလေးရှား ငွေ RM ၁ သိန်းခွဲ ဒဏ်ငွေ သို့မဟုတ် ထောင်ဒဏ် ၁ဝ နှစ်သို့မဟုတ် ထောင် ဒဏ် နဲ့ ငွေဒဏ် ၂ မျိုးလုံး အပြစ် ပေးလို့ ရကြောင်း သိရပါတယ်။

အခုဆို မလေးရှားရဲကတော့ ဒီကိစ္စကို ထူးဆန်းတဲ့ ကိစ္စလည်းဖြစ်နေတော့ ဘက်ပေါင်းစုံက နည်းလမ်း
ပေါင်းစုံ သုံးပြီး စုံစမ်း မှုတွေ လုပ်နေတယ်လို့ ရဲအရာရှိကြီးက ပြောထားပါတယ်။

“အခု ငွေထုတ်မှုမှာ ကျူးလွန်တယ်ဆိုတဲ့ သံသဖြစ်စရာတွေကို ဘယ်သူဘယ်ဝါဆိုတာ သိနိုင်မယ့် ဘဏ်က စီစီတီဗွီ မှတ်တမ်းကိုလည်း ရရှိထားပါတယ်” လို့ ရဲအရာရှိကြီး အီဇန္နီ အဗ္ဗဒူလ် ဂါနီက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်စဉ်ကို တွေ့တာနဲ့ တာဝန်သိသူတွေအနေနဲ့ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားဖို့ လည်း နှိုးဆော်ထားတယ်လို့ သူက ဆက်ပြောထားပါတယ်။

ပျောက်ဆုံး MH 370 လေယာဉ်ဟာ အိန္ဒိယသမုဒ္ဓရာထဲ တနေရာရာမှာ ပျက်ကျတယ်လို့ ဂြိုလ်တုမှတ်တမ်း အချက် အလက်တွေအရ ယူဆနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အခုထိ ဘာသဲလွန်စမှ မရခဲ့ပါဘူး။

အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး ပါသွားခဲ့တာမှာ အဲဒီခရီးသည်တွေ ထဲက ၄ ဦးရဲ့ ဘဏ်အကောင့်က အခုလို ထူးထူးဆန်းဆန်း ငွေထုတ်ယူမှု ဖြစ်တာပါ ။

ပြောရရင် ပဟေဠိဆန်တဲ့ လေယာဉ်ပျောက်ကိစ္စရဲ့ နောက်ဆက်တွဲ ပဟေဠိဆန်မှု လို့ ပြောရမလားပါဘဲ။ 


အိမ့်သံစဉ် 
http://blog.irrawaddy.org/2014/08/mh-370.html

No comments:

Post a Comment