Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 12, 2014

ဒေါ်လာဖြင့် လုပ်ကိုင်ခွင့်ပြုသည့် ပုဂ္ဂလိက အာမခံကုမ္ပဏီ လေးခုအနက် IKBZ နှင့် Grand Guardian ကုမ္ပဏီ (ရွှေတောင်) တို့အား ငွေဖြူ ဟုတ်မဟုတ် စိစစ်ပြီးဖြစ်၍ စတင်လုပ်ကိုင်ခွင့်ပြု


Wednesday, August 13, 2014
မြန်မာ့အာမခံလုပ်ငန်းက ပုဂ္ဂလိက အာမခံကုမ္ပဏီလေးခုကို ဒေါ်လာဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ရာ အာမခံကုမ္ပဏီများမှ ပေးသွင်းရမည့် မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသိန်းကို ငွေဖြူ ဟုတ်မဟုတ် စိစစ်ပြီးဖြစ်၍ IKBZ နှင့် Grand Guardian Insurance ကုမ္ပဏီနှစ်ခုအား လုပ်ငန်းစတင် ခွင့်ပြုလိုက်ကြောင်း မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့မှ သတင်းရရှိသည်။
ဒေါ်လာဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် ကုမ္ပဏီလေးခုဖြစ်သည့် Grand Guardian, IKBZ, First National Insurance နှင့် အောင်သစ္စာဦး ကုမ္ပဏီတို့အား ခွင့်ပြုပေးခဲ့ရာ ယင်းအနက်မှ IKBZ, Grand Guardian Insurance ကုမ္ပဏီနှစ်ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
“ဒေါ်လာနဲ့ အာမခံထားခွင့်ပြုတဲ့ ကုမ္ပဏီလေးခုမှာ နှစ်ခုက ငွေဖြူ ဟုတ်မဟုတ် စစ်ဆေးပြီးဖြစ်လို့ လုပ်ငန်းစတင်လုပ်ကိုင်လို့ ရပါပြီ။ ကျန်တဲ့နှစ်ခုဖြစ်တဲ့ First National Insurance နဲ့ အောင်သစ္စာဦးကတော့ စစ်ဆေးနေဆဲပါပဲ။ စစ်ဆေးပြီးတဲ့ ကုမ္ပဏီနှစ်ခုအနေနဲ့ ညွှန်ကြားချက်ထုတ်ပြီးရင် စလုပ်လို့ရပါပြီ” ဟု အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၂ ခုရှိသည့်အနက် လုပ်ငန်းစွမ်းဆောင်ရည်ပေါ် မူတည်ကာ ပုဂ္ဂလိက အာမခံကုမ္ပဏီလေးခုကို ဒေါ်လာဖြင့် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ယင်းကုမ္ပဏီများမှ မ,တည်ရင်းနှီးငွေ ဒေါ်လာငါးသိန်းကို လုပ်ငန်းလုပ်ကိုင်ရန် ပေးသွင်းရမည်ဖြစ်ပြီး ယင်းငွေများကို MICB ဘဏ်တွင် ငွေစာရင်းထည့်သွင်းရကြောင်းသိရသည်။
ဒေါ်လာဖြင့် အာမခံထားခြင်းမှာ အာမခံထားသူများ အနေဖြင့် ဒေါ်လာဖြင့် အာမခံထားရှိလျှင် လျော်ကြေးပေးအပ်သည့်အခါတွင် ဒေါ်လာဖြင့်သာ ပေးလျော်ရမည်ဖြစ်သည်။
ထို့အပြင် အာမခံ ထားရှိရာတွင်လည်း ဖြစ်စဉ်တစ်ခုကို တစ်ကြိမ်လျှင် ဒေါ်လာငါးသောင်းသာ ထားခွင့်ရှိကြောင်း သိရသည်။
၂ဝ၁၃ ခုနှစ် မေ ၂၈ ရက်မှ စတင်ကာ ပုဂ္ဂလိကအာမခံ ကုမ္ပဏီများကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်ခဲ့ပြီး အသက်အာမခံ၊ မီးအာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှုအာမခံ၊ သမာဓိအာမခံ၊ အလုံးစုံမော်တော်ယာဉ်အာမခံ စသည့်အမျိုးအစား ခြောက်မျိုးကိုသာ ကနဦးအနေဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ်မေတွင် အထူးခရီးသွား အာမခံကို ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ပုဂ္ဂလိက အာမခံကုမ္ပဏီများ အနေဖြင့် အသက်အာမခံသီးသန့်သာ လုပ်ကိုင်လိုလျှင် ကျပ်ငွေခြောက်ဘီလျံ ရင်းနှီးရပြီး အထွေထွေအာမခံ လုပ်ကိုင်လိုလျှင်မူ မ,တည်ရင်းနှီးငွေ အနေဖြင့် ကျပ် ၄၆ ဘီလျံကို မြန်မာ့စီးပွားရေးဘဏ်သို့ စာရင်းပေးသွင်းရသည်။ ထိုငွေ၏ ရာခိုင်နှုန်း ၆ဝ ကို လုပ်ငန်းအထွေထွေစရိတ်အတွက် သုံးစွဲခွင့်ရှိပြီး ကျန်ရာခိုင်နှုန်း ၄ဝ မှာ လျော်ကြေးငွေများ ပေါ်ပေါက်လာပါက ဖြေရှင်းနိုင်ရန် မြန်မာ့အာမခံတွင် အပ်နှံထားရကြောင်း သိရသည်။
ကမ္ဘောဇဘဏ်သည် ယခုသုံးနှစ်အတွင်း ဘဏ်တစ်ခုတည်း အနေဖြင့်ပင် နိုင်ငံတော်သို့ အခွန်ငွေ ကျပ် ၅၅ ဘီလျံကျော် ပေးဆောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း လုပ်ငန်းကုမ္ပဏီများထဲတွင် အခွန်အများဆုံး ပေးဆောင်ထားသော လုပ်ငန်းစုဖြစ်သည်။
Grand Guardian ကုမ္ပဏီကို အဓိက တည်ထောင်သော ရွှေတောင်ကုမ္ပဏီသည် ၎င်းတို့၏ ရင်းနှီးမြ§ုပ်နှံငွေမှာ ဒေါ်လာ သန်း ၅ဝဝ အထိရှိသည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားကြောင်း၊ အခွန်ပေးဆောင်မှု အပိုင်းတွင်မူ ယခုနှစ်ပိုင်းမှသာ ထိပ်ပိုင်းစာရင်းတွင် စတင်ပါဝင်လာကြောင်း သိရသည်။
Eleven Media Group
ဒေါ်လာဖြင့် အာမခံလုပ်ကိုင်ခွင့်ရသည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံ လုပ်ငန်း အား တွေ့ရစဉ်

No comments:

Post a Comment