Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 6, 2014

ဒုဝန်ကြီးနှစ်နေရာ အပြောင်းအလဲလုပ်

အစိုးရအဖွဲ့အတွင်း ၀န် ကြီးနေရာအပြောင်းအလဲဆက် တိုက်ပြုလုပ်နေသည့် သမ္မတဦး သိန်းစိန်က သူ၏အစိုးရအဖွဲ့အ တွင်းမှ ဒုဝန်ကြီးနှစ်နေရာကို အ ပြောင်းအလဲထပ်မံပြုလုပ်လိုက် သည်။
သမ္မတရုံးဝန်ကြီးဌာန(၁) တွင် ဒုတိယ၀န်ကြီးအဖြစ်တာဝန် ထမ်းဆောင်နေသည့်ဒေါက်တာ ၀င်းမြင့်အားကျန်းမာရေးဝန်ကြီး ဌာနသို့လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနတွင် ဒ...ုတိယ၀န်ကြီးအ ဖြစ်တာဝန်ထမ်းဆောင်နေသည့် ဦးကျော်ကျော်ဝင်းအားသမ္မတရုံး ၀န်ကြီးဌာန(၁)သို့လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်လိုက် ကြောင်း သမ္မတရုံးက သြဂုတ်လ ၆ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း အစိုးရအဖွဲ့အတွင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဖေသက်ခင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့၏နေရာတွင် ဒေါက်တာသန်းအောင်နှင့် ဦးရဲထွဋ်တို့ကို အစားထိုးခဲ့သည်။
7Day Daily

No comments:

Post a Comment