
အာရှအဆင့် သင်္ချာစွမ်းရည် ပြိုင် ပွဲသို့ သွားရောက် ယှဉ်ပြိုင်သူ မြန်မာ လူငယ် အားလုံး ဆုတံဆိပ် ဆွတ်ခူးနိုင် ခဲ့သည်။
တရုတ်နိုင်ငံ ချန်ဒူးမြို့၌ ပြီးခဲ့ သော ဇူလိုင်နောက်ဆုံးအပတ်က ကျင်းပခဲ့သည့် ယင်းပြိုင်ပွဲသို့ ကျောင်း သား၊ ကျောင်းသူ ၂၅ ဦး ဝင်ပြိုင်ခဲ့ရာ ဆုတံဆိပ် ၂၆ ခု ရခဲ့ကြ သည်ဟု မြန် မာလူငယ်အဖွဲ့ခေါင်းဆောင် ဒေါက် တာ သက်ဇော်က ဆိုသည်။
အမြင့်ဆုံးဖြစ်သည့် ရွှေတံဆိပ် ဆု အပါအဝင် Star of Asia ဆုကိုပါ ဆွတ် ခူးနိုင်ခဲ့ပြီး ငွေတံဆိပ်၊ ကြေးတံဆိပ်ဆု တို့လည်း ရခဲ့သည်ဟု ၄င်းထံမှ သိရသည်။ ထို့အပြင် နှစ်သိမ့်ဆုလည်း ရရှိခဲ့သည်ဟု ဒေါက်တာ သက်ဇော်က ပြောသည်။
မြန်မာလူငယ်များအနေဖြင့် ပြီးခဲ့ သည့် တစ်နှစ်ကျော်ကမှ စတင်ပြီး ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲသို့ ပထမဦး ဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။ ထိုပြိုင်ပွဲမှ တစ်ဆင့်အာရှ အဆင့် သင်္ချာပြိုင် ပွဲကို ထပ်မံ ဝင်ရောက်ခွင့်ကိုပါရရှိခဲ့သည်။ ပြီးခဲ့သည့် နှစ်ကထိုင်ဝမ်တွင် အာရှအ ဆင့် သင်္ချာပြိုင်ပွဲကို ကျင်းပခဲ့ရာ မြန်မာ လူငယ် ၄ ဦးသွားပြိုင်ခဲ့သည်။ ထိုနှစ်က ကမ္ဘာ့အဆင့် ရွှေတံဆိပ်ရသည့် မြန်မာ လူငယ်ကိုသာ ယှဉ်ပြိုင်ခွင့်ပေးခဲ့ခြင်းဖြစ် ပြီး ယခုနှစ်တွင်သာ ရွှေတံဆိပ်သာမက အခြားသော အဆင့်ရသူတို့ကိုပါအာရှ အဆင့်သင်္ချာပြိုင်ပွဲက လက်ခံခဲ့သည်။
”မြန်မာလူငယ်တွေရဲ့ အဆင့် မနိမ့်ဘူးဆိုတာ ပြနိုင်ခဲ့ပါတယ်” ဟု ဒေါက်တာ သက်ဇော်က ပြောသည်။
Popular Journal
No comments:
Post a Comment