Miss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး နဲ့ ဆာတိုရီ ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ရေး တို့ဟာ “ကျောင်း” ဆိုတဲ့ ဇာတ်ကား ရိုက်ဖို့ စီစဉ်ထားမှု ပျက်ပြယ် သွားပြီဖြစ် ကြောင်း သိရပါတယ်။ ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးနဲ့ မေမြတ်နိုး တို့ဟာ (ကိုရီးယားနိုင်ငံ မှာ မေမြတ်နိုး ပြိုင် ပွဲသွားရောက် မယှဉ်ပြိုင်ခင် ကတည်း က) ကျောင်း ဇာတ်လမ်း ရိုက်ကူးဖို့ အတွက် ကင်မရာ test လုပ်ခြင်းနဲ့ ဇာတ်လမ်း အတွက် ရီယာဇယ်လုပ် ခြင်းတွေ ဆွေးနွေး ထားခဲ့ဖူးကြောင်း သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးရဲ့ ပရိုဂျူဆာ ဦးမျိုးဇော်က “ဆုရပြီး ပြန်လာတော့ လူမှုဆက်ဆံရေးမှာ လည်းအရင်လို ကာယကံရှင် ကိုယ် တိုင် မဟုတ်တော့ ဘဲနဲ့ သူရဲ့ မိခင်ပါ ပါလာတယ်။ ကျွန်တော်တို့ စကား ပြောရတာ အဆင်မပြေပါဘူး။ ပြန် လာတော့ ၂ကြိမ်၊ ၃ကြိမ်လောက် တွေ့ဖြစ်ကြ ပြီးတော့အလုပ် ကိစ္စ ဆွေးနွေး တိုင်ပင် ကြတယ်။ သူ့ရဲ့ မူလအော်ဂနိုက်ဇေးရှင်း နဲ့ သူတို့ ကြားမှာလည်း လူမှုရေး အခြေအနေ ကြောင့် ပြဿနာတွေ တက်လာတာ သိရတယ်။ အဲဒီ ပြဿနာတွေ ကို အရင်ပြေလည်အောင် အကောင်းဆုံး ဖြေရှင်းပါလို့ ဆုံးဖြတ်ပါတယ်။ အဲဒီ ကိစ္စတွေ ရှင်းလင်း ပြီးပါမှ ရိုက်ဖို့ကိစ္စ တွေကို စဉ်းစားကြမယ် လို့ ဆုံးဖြတ် ချက်ချ လိုက် တယ်။ နောက်ပိုင်းကျ တော့ အဲဒီပြဿနာတွေ ကို ရှင်း လင်းတာ မပြေလည်ဘဲ နဲ့ ပိုပြီးဆိုး ရွားတဲ့ အခြေအနေတွေ ဖြစ်လာတာကို သိရတယ်။ အဲဒီတော့ ကျွန်တော်တို့ လည်း ရိုက်ဖို့ ကိစ္စကို နောက်ဆုတ် လိုက်တယ်။ အခုထိလည်း သူနဲ့ရိုက်ဖို့ အစီအစဉ် မရှိသေးဘူး။ အဲဒီလိုပဲ စာချုပ်ချုပ်ဖို့ အစီအစဉ်လည်း မရှိ သေးပါဘူး”လို့ ရှင်းပြ ပါတယ်။
popular journl
No comments:
Post a Comment