ညစ်ညမ်းပုံတွေကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ တင်ပြမှုနဲ့ မြန်အောင်မြို့က သမီးရည်းစား နှစ်ဦးကို ထောင်ဒဏ် ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့က သမီးရည်းစား နှစ်ဦးဟာ သူတို့ လင်းမယားအရာပြုတဲ့ ညစ်ညမ်းပုံတွေ၊ အပြန်အလှန် ပြောဆိုထားတဲ့ စာသားတွေ၊ မိန်ကလေးရဲ့ ဝတ်လစ်စလစ်တွေကို အင်တာနက်မှာ တင်ခဲ့တဲ့ဆိုပြီးတော့ မြို့နယ်တရားရုံးက သြဂုတ်လ ၁၈ရက်နေ့မှာ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဟာဆန် (ခ) မင်းဝေဟန်နဲ့ သူရဲ့ ရည်းစားဖြစ်သူ မဖြိုးရတနာကျော် မြန်မာစာမူလတန်းပြ (ကျောင်းပြင်ပ မူလတန်းပညာရေး) တို့ကို ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
မဖြိုးရတနာကျော်ကို ထောင်ဒါဏ် သုံးလ၊ ဟာဆန်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂-က၊၂၉၄-ကနဲ့ ထောင်ဒဏ် ခြောက်လကျခံစေဖို့ မြန်အာင်မြို့နယ် တရားရုံးက စီရင်ချက်ချလိုက်တာလို့ မြို့မ ရဲစခန်းမှ စခန်းမှူး ဦးမောင်မောင်သာက ပြောပါတယ်။
မြို့ခံ သံယာတွေနဲ့ လူငယ်တွေက ဘာသာရေး၊ လူမျိုးရေး ရှူထောင့်က ဝေဖန်တင်ပြမှုတွေ ရှိလာတဲ့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေဖို့၊ မလိုလားအပ်တဲ့ အခြေအနေတွေ မဖြစ်ပေါ်အောင် ဆိုပြီးတော့ ဟာဆန်ကို ထပ်ဆင့် ပြစ်ဒဏ် ချမှတ်ခဲ့ပါသေးတယ်။
ဟာဆန်ကို ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ဆိုင်ရာ ဥပဒေပုဒ်မ (၅-၁) စ/ဆ နဲ့ ထောင် ၂ နှစ်ထပ်ဆင့် အပြစ်ဒဏ်ကို ဟင်္သာတ အကျည်းထောင်မှာ ကျခံစေဖို့ ချမှတ်လိုက်တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးညွန့်က ပြောပါတယ်။
အင်တာနက် လူမှုကွန်ရက် စာမျက်နှာမှာ ပြန့်နေတဲ့ပုံတွေဟာ ဆရာမ မလုပ်ခင် ဟာဆန်ရဲ့ ဖုန်းဆိုင်မှာ အလုပ်လုပ်တဲ့အချိန်မှာ ရိုက်ကူးထားခဲ့ကြတဲ့ ပုံတွေဖြစ်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ မဖွယ်မရာ ညစ်ညမ်းပုံများကို ကူးထားတဲ့ ဟာဆန်ရဲ့ Samsang Galaxy (S 2) ကို မြန်အောင်မြို့နယ်က ကိုဆန်းပြည့်အောင် ကိုင်ဆောင်တဲ့ iPhone နဲ့ ဇူလိုင်လ ၂၇ ရက်မှာ လဲလှယ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့ သမီးရည်းစားနှစ်ဦးရဲ့ နှစ်ဦးရဲ့ ညစ်ညမ်းပုံတွေ ပြန်နှံ့စေခဲ့တာလို့ ရဲစစ်ဆေးချက်မှာ ဖော်ပြပါတယ်။
အဲဒီကိစ္စကို ဇူလိုင်လ ၂၉ ရက်နေ့က မြန်အောင်မြို့ ဓမ္မရက္ခိတအဖွဲ့ဝင် ဦးမြင့်နိုင်က လူငယ်တွေ စာရိတ္တမဏ္ဍိုင် ထိန်းသိမ်းဖို့ မြန်အောင်မြို့ မြို့မရဲစခန်းသို့ စတင်တိုင်ကြားခဲ့ပါတယ်။
The Voice
No comments:
Post a Comment