Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 14, 2014

ဂျပန်နိုင်ငံမှ အမျိုးသားများအတွက် ဖျော်ဖြေမှု


ဂျပန်နိုင်ငံမှ ကုမ္ပဏီ တစ်ခုသည် အမျိုးသားများအတွက် ဖျော်ဖြေမှု ပေးစွမ်းမည့် အမျိုးသမီး အရုပ်များကို လူသားအစစ်နှင့်မခြား အလွန်တူညီအောင် ဖန်တီးထုတ်လုပ်လျက် ရှိသည်။
အရုပ်များမှာ လူအစစ်နှင့် တူညီလှသလို အသားအရေကို ထိတွေ့ကြည့်သည့်အခါတွင်လည်း လူသားတစ်ဦးနှင့် မခြားအောင် ဖန်တီးထားသည်။ ထို့အပြင် အရုပ်များ၏ မျက်လုံးများမှာလည်း အစစ်အမှန်နှင့် နီးစပ်တူညီလှသည်။
Orient Industry က အဆိုပါ အရုပ်များသည် အထီးကျန် အဖော်မဲ့နေသော အမျိုးသားများအတွက် အကောင်းဆုံး လက်ဆောင်မွန် ဖြစ်လာစေမည်ဟု ဆိုသည်။ အရုပ်၏ ကိုယ်ထည်ကို အရည်အသွေး အမြင့်ဆုံး ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး ရုတ်တရက် ကြည့်လိုက်မည်ဆိုပါက လူသားအစစ်ဟု ထင်ယောင်မှားလောက်အောင် တူညီစေမည်ဟုလည်း ကုမ္ပဏီက ကြွေးကြော်ထားသည်။
အဆိုပါ အရုပ်များကို Dutch Wife များ ဟု ကုန်စည် အမည်တပ်ပြီး ရောင်းချနေသည်။ Dutch Wife သည် ဂျပန်တွင် Sex Doll ဆိုသော စကားလုံးကိုပင် ရည်ညွှန်းထားခြင်း ဖြစ်သည်။ Orient Industry က မိမိတို့၏ အရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ဖူးသော အမျိုးသားတစ်ဦးသည် သက်ရှိမိန်းကလေးတစ်ဦးကိုပင် အလိုရှိတော့မည်မဟုတ်ဟု ညွှန်းဆိုထားသည်။ အဆိုပါ အရုပ်တစ်ရုပ်၏ တန်ကြေးသည် စတာလင်ပေါင် (၁၀၀၀)ကျော်မျှ ကျသင့်သည်။
အရုပ်ကို ဝယ်ယူပြီးချိန်တွင် လက်ရွေးစင် ဖက်ရှင်နှင့် အတွင်းခံ အဝတ်အထည်များပါ ပါရှိပြီး အရုပ်ပိုင်ရှင်အနေဖြင့် အမျိုးသမီး အဝတ်အထည်ဆိုင် သွားရောက်ပြီး အရုပ်အတွက် လိုအပ်သည်များကို ဝယ်ယူစရာ လိုတော့မည် မဟုတ်ချေ။ ထို့အပြင် အရုပ်များ၏ ခန္ဓာကိုယ် အချိုးအစား၊ မျက်နှာသွင်ပြင်နှင့် ဆံပင်အရောင်တို့ကိုလည်း ဝယ်ယူသူစိတ်ကြိုက် မှာယူနိုင်မည်ဟု သိရှိရသည်။
ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် အိုဆာမီဆီတိုက “အရုပ်ကို လူနဲ့တူအောင် ဖန်တီးရာမှာ အရေးအကြီးဆုံးအပိုင်းတွေက အရေပြားနဲ့ မျက်လုံးပါပဲ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ လူအစစ်နဲ့ ယှဉ်ရပ်နေရင်တောင် ကွဲပြားမှု မရှိတဲ့ လက်ရာမျိုးကို ဖန်တီးနိုင်ခဲ့တယ် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံတွင် Sex Doll များသည် လူသုံးများသော ကုန်စည်တစ်ခုသဖွယ် ဖြစ်နေပြီး စက်မှုလုပ်ငန်းများကလည်း လူသားအစစ်နှင့် တူသထက်တူအောင် ကြိုးစား ထုတ်လုပ်နေကြသည်။ နောက်ဆုံးပေါ် အရုပ်များတွင် အရိုးအဆစ် နေရာများ၌ ရွေ့လျားနိုင်အောင် ဖန်တီးပေးထားရာ အရုပ်များကို စိတ်တိုင်းကျ ကိုယ်နေဟန်ထားမျိုး ပြောင်းလဲနိုင်မည် ဖြစ်သည်။
7Day News Journal


No comments:

Post a Comment