By ကြူကြူဟန်
‘‘ရိုးရာယဉ်ကျေးမှုတွေ ကြွယ်ဝချမ်းသာအောင် ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေက
အရမ်းကံကောင်းတယ်’’
Image and video hosting by TinyPic
ဓာတ်ပုံ−နစ်ကီ
ဖိလစ်ပိုင်နိုင်ငံမှ အလှမယ်များသည် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲများတွင် ထင်ရှားကျော်ကြားကြပြီး ၂၀၁၃ ခုနှစ်
က ပြုလုပ်ခဲ့သော Miss World ၊Miss International နှင့် Miss Supranational ဆု သုံးဆုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
မြန်မာနိုင်ငံမှ ဂုဏ်ရည်အေးကျော် သွားရောက်ယှဉ်ပြိုင်ခဲ့သာ Miss International ပြိုင်ပွဲ၏ Miss International 2013 ဆုရှင် ဖိလစ်ပိုင်နိုင်ငံသူ မစ္စဘီအာရို့စ်ဆန်တီယာဂိုသည် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ သြဂုတ် ၁၇ ရက်တွင် ပြုလုပ်
ခဲ့သည့် Miss International Myanmar 2014 ဖိုင်နယ်ပြိုင်ပွဲ၌ ဒိုင်အဖြစ်ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်။၎င်း၏ အလှမယ်ဘ၀နှင့် မြန်မာနိုင်ငံမှ အလှမယ်များကို ရွေးချယ်မည့် အတွေ့အကြုံများနှင့် ပတ်သက်၍ တွေ့ဆုံဖြစ်ခဲ့ပါသည်။
Miss International ၂၀၁၃ ပြိုင်ပွဲ ကာလကတည်းက မြန်မာပြည် လာလည်ချင်တယ်လို့ ဂုဏ်ရည်ကပြောပါတယ်။ ဘာကြောင့် မြန်မာပြည်ကို အလည်လာချင်တာလဲ။
မြန်မာနိုင်ငံကို လာချင်တဲ့အကြောင်းရင်းက မြန်မာမှာ ယဉ်ကျေးမှုတွေအများကြီးရှိတယ်။ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံတစ်နိုင်ငံလို့ မြင်မိတယ်။ နှစ်ပေါင်းများစွာတိုင်အောင် ကိုလိုနီသိမ်းပိုက်ခံရတယ်။ ဒါပေမဲ့ ရိုးရာက ပျောက်ပျက်မသွားဘူး။ ကျွန်မဆိုရင် ဖိလစ်ပိုင်မှာ မွေးတယ်။ ကနေဒါမှာ ကြီးပြင်းတယ်။ ဖိလစ်ပိုင်ကို ပြန်ရောက်တဲ့အချိန်မှာ ရိုးရာ၊ ယဉ်ကျေးမှုတွေက မရှိတော့ဘူး။ ပျောက်သွားပြီ။ မြန်မာ့ရိုးရာက အခုထိရှိနေတယ်။ ရိုးရာဝတ်စုံတွေကို မြတ်မြတ်နိုးနိုး ၀တ်ကြတယ်။
၂၀၁၃ ခုနှစ်မှာဆို ဖိလစ်ပိုင်ရဲ့ အလှမယ်များက နိုင်ငံတကာ ပြိုင်ပွဲအသီးသီးမှာ သရဖူတွေ ဆွတ်ခူးကြတယ်။ ဖိလစ်ပိုင် အလှမယ်တွေရဲ့ သရဖူသိမ်းပိုက်နိုင်တဲ့ လျှို့ဝှက်ချက်လေးကို သိချင်ပါတယ်။
အလှမယ်ပြိုင်ပွဲတစ်ခုကို အချိန်တွေ အများကြီး ယူပြီး ပြင်ဆင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကို အသက်မွေးဝမ်းကျောင်းအနေနဲ့ လုပ်တာ။ ပြိုင်ပွဲတစ်ခုကို မဆက်သွယ်မီ ပြိုင်ပွဲဝင် မဖြစ်မီ မှာ ၂ နှစ်ဆက်တိုက်လောက် ထရိန်နင်လုပ်တယ်။ အဲဒါကြောင့် ဒီလို သရဖူတွေကိုရတယ်လို့ ထင်တယ်။
ဖိလစ်ပင်းမှာ ဒိုင်အဖြစ် အများကြီးဆောင်ရွက်ခဲ့တယ်ဆိုတော့ မြန်မာမှာဒိုင်အဖြစ် ဆောင်ရွက်ဖို့အတွက် လာတဲ့ပွဲမှာကော မြန်မာအလှမယ်တွေကို ဘယ်လိုရွေးချယ်သွားမလဲ။
Miss International သရဖူရနိုင်မယ့် အနီးစပ်ဆုံး မိန်းကလေးကို ရွေးချယ်ထုတ်သွားမှာပါ။
အဲဒီအတွက်ကို သေသေချာချာကို ကြေးများစွာနဲ့ကို သေချာ စစ်ထုတ်ရွေးချယ်သွားမယ်။ ကိုယ်တိုင်လာရောက်ရွေးချယ်တဲ့ပွဲမှာ အင်တာနေရှင်နယ်သရဖူကို ရနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အတွေ့အကြုံလည်းဖြစ်ပြီးတော့ ကျွန်မအတွက်လည်း အောင်မြင်မှုတစ်ခုဖြစ်မယ်။ မြန်မာနိုင်ငံအတွက် တကယ်အောင်မြင်မှုကို သယ်ဆောင်လာနိုင်မယ့် မိန်းကလေးကို ရှာဖွေသွားမယ်။
လက်ရှိ ဖိလစ်ပင်းမှာ အလှမယ် တစ်ယောက်အနေနဲ့ ဘယ်လိုမျိုး လှုပ်ရှားနေသလဲ။
ပရဟိတ လှုပ်ရှားမှုတွေပဲ အများကြီး လုပ်ဖြစ်နေတယ်။ ကျွန်မတို့ နိုင်ငံက တိုင်ဖွန်းမုန်တိုင်း အမြဲတမ်းဖြစ်နေတော့ တိုင်ဖွန်းဒဏ်ခံစားရတဲ့ ဒေသကို သွားပြီး တော့ လှူဒါန်းတာတွေ၊ အားပေး တာတွေ လုပ်ဖြစ်တယ်။ စိတ်ဓာတ်တက်ကြွဖို့အတွက် မိန့်ခွန်း တွေလည်း ပြောပေးတယ်။ ဖိလစ်ပိုင်ရဲ့ ဒေသအသေးစားလေးမှာ ကိုယ်ပိုင်စာကြည့်တိုက်လေးတစ်ခု တည်ထောင်ပေးထားတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံကကလေးတွေက သူတို့ရဲ့ ဖြစ်တည်မှု၊ သူတို့ရဲ့ ပညာရေး အရေးပါမှုကို မသိကြဘူး။ ဒီအတွက်ကို စာကြည့်တိုက်လေး လုပ်ပေးတယ်။
ဖိလစ်ပင်း အလှမယ်တွေနဲ့ မြန်မာပရိသတ်တွေက မစိမ်းဘူး ဆိုတော့ မြန်မာပရိသတ်ကို ဘာ ပြောချင်သလဲ။
အခုအချိန်ထိ ရိုးရာယဉ်ကျေးမှုတွေ ကြွယ်ဝချမ်းသာအောင် ထိန်းသိမ်းထားနိုင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေက အရမ်းကံကောင်းတယ်လို့ ပြောချင်ပါတယ်။ ကျွန်မတို့နိုင်ငံက ဖိလစ်ပိုင်တွေကလည်း နွေးထွေးမှုရှိတယ်။ ဒီကလူတွေကလည်း ကျွန်မအပေါ် အရမ်းနွေးထွေး တဲ့အတွက် ကိုယ့်အိမ်မှာပဲ ရှိနေသလို ခံစားရတယ်။
ကျေးဇူးတင်ပါတယ်။
7 Day Daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 18, 2014
မစ္စအင်တာနေရှင်နယ် ၂၀၁၃ သရဖူဆုရ ဖိလစ်ပိုင်မယ် မစ္စဘီအာရို့စ်ဆန်တီယာဂိုနှင့် တွေ့ဆုံခြင်း
မစ္စအင်တာနေရှင်နယ် ၂၀၁၃ သရဖူဆုရ ဖိလစ်ပိုင်မယ် မစ္စဘီအာရို့စ်ဆန်တီယာဂိုနှင့် တွေ့ဆုံခြင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 18, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment