Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 25, 2014

ကျနော်မြင်သော သဲသဲလှုပ် ငှက် နှင့် ခဗျား ဘာကောင်မှ မဟုတ် ဘူး.။။။။။။။ ချိုတူးဇော်


ခဗျား ဘာကောင်မှ မဟုတ် ဘူး.။။။။။။။ ချိုတူးဇော်
သို့  ချို တူးဇော် ==================
ချိုတူးဇော် ဆိုတဲ့  လူ ကိုပြောချင်တယ်......
မြန်မာပြည်မှာ အရင် က ခုလို ဂီတကျောင်းတွေ ကောင်းကောင်း မရှိခဲ့ပါဘူး။
ထားလိုက်ပါ... ဒီကိစ္စ
ကျတော်တို့  တွေ ဂီတကိုလေ့ လာတော့ Copy နဲ့ စသိခဲ့ရတယ်။
ခဗျား ကျတော် နဲ့ ဒီနေ့  ကလေးတွေ အထိ ဆိုနေရတဲ့ ( အဘိုးကြီး အို ခါးကုန်းကုန်း)
သီချင်းက Copy ပါ။ အ၇ှင်းဆုံးပြောမယ်...နိုင်ငံတော်သီချင်း နဲ့ ကျတော်တို့  မြန်မာ့တပ်မတော်
က စစ်သီချင်း တွေလည်း Copy ပါ။
.........
ရှိပါစေအုန်း....ဒီကိစ္စလည်း ..ကျတော်ပြောချင်တာ......
ခဗျားက ကိုထူးအိမ်သင်ကို ဖြတ်ညှပ်ကပ် သမားလို့ 
ေ-ပြောတယ် စွတ်စွဲတယ်..ဟုတ်မှာပါ။

ကဲ ကျတော်ပြောမယ်....ခဗျားတို့  ဗမာ့သီချင်းကြီး ကို တီးနေတဲ့ မိချောင်း တူရိယာက တဆင့်ဖြစ်လာတဲ့ ပတ္တလား က ဗမာပိုင်တူရိယာလား... ပလွေက ကုလားဟာ..
ဒိုးပတ်...(ဒိုးလ်=၂)..(ပတ်= မြည်သံဆွဲ)..ဒါကြောင့် ပတ်..ပတ် နဲ့ မျက်နှာပြင်၂ ခုရှိတဲ့ တူရိယာ...အဲ့တာလည်း ကုလားဟာ...
ခဗျားတို့  အထင်ကြီးတဲ့ ဆို။က။ရေး။တီး မှာပြိုင်နေကြတဲ့ ယိုးဒယား ဆိုတဲ့ သီချင်း အမျိုးစားဟာ....ဘယ်ကောင်တွေစီကလည်း?
....................
ဗမာသံဟာ.......Doh(1) to Hi-Doh (1ံ) ထိပဲရှိတဲ့ ဒိုင်ယာတောနစ် ၇သံတောင် မပြည့်ဘူး
ခရိုမက်တစ်ဖြစ်စေတဲ့ ကြား၅သံ( De..Mar...Fe..Si..Tar) ပြည့်ဖို့ မပြောနဲ့ ကိုယ်တိုင်တောင် အပတ်မလည်ဘူး။
ကမ္ဘာ ဂီတ ပညာမှာ ၁၂ သံစဉ် ဖွဲ့  ဆိုနေတဲ့ အခါမှာကျတော်တို့  က ၀ါးလုံးခေါင်းထဲ လသာနေတယ်။
( မြန်မာသံ ကို မချစ်တာ မဟုတ်ဘူး နော်....ကျုပ် မြန်မာသံ ကို တအားမြတ်နိုးတယ်
ခဗျား ပြောလာလို့  ပြန်ရှင်းပြတာ)
===========================
ဟုတ်ပြီ ခဗျားဝေးနေလို့  ထပ်ပြောမယ် ချို တူးဇော်....
Blues ၈ီတ ဆိုတာ Minor နဲ့ တည်ဆောက်တယ်........တကမ္ဘာလုံး ဘယ်နေရာမှာရေးရေး
မိုင်နာ သံကိုတည်ရေးတယ်...
Jezz .music..Major Cord ကို တည်ပြီးရေးရတယ်...King of music လို့  ခေါ်တယ်
.........
ဒီတော့ဗျာ....အသံမပြည့်တဲ့ ကိုယ့်ဂီတ မဟုတ်ပဲ အသံစုံတဲ့ 
တိုင်းတပါးဂီတ ကို ရှာဖွေ သင်ယူ မှီညန်း ဖော်ထုတ်ပေးတာ
ကျေးဇူးတင်စရာ မကောင်းဘူးလား..........
..........
ကျတော် တခုပြောမယ် ချို တူးဇော်................
Tone\ /Tone_semi tone_Tone\ / Tone\ / Tone\ /_semi tone ဆိုတဲ့ သီ အိုရီကို
အရင်လေ့လာ .....
ဘာမသိညာမသိနဲ့  သွားလေသူတွေကိုတော့ ဖြတ်ညှပ်ကပ်တို့  ...ဘာတို့  မစော်ကားနဲ့ 
...............................................
ခဗျား............အဘိုးကြီး အို ခါးကုန်းကုန်း ကို Key မှန်မှန်နဲ့  နရီ စည်းဝါး မှန်မှန် ဆိုပြနိုင်မယ့်
တနေ့ ဗမာသံ နရီ စည်းဝါး....ထဲက ကရောင်းစည်း ဒါမှမဟုတ် ၀ါးလတ် စည်း ကို တီးပြပြီး အခြေခံ မြမန်းဂီရိ တပိုက် ဆိုပြနိုင်မယ့် တနေ့ ကြမှ ကျတော် တို့  စကား ဆက်ပြောကြတာပေါ့........
=======
Theory တွေ စွတ်ပြောရင် ခဗျား မမှီဘူး ဆိုတာ သိလို့  ဒီလောက်နဲ့  ပဲ ရပ်လိုက်ပါတယ်
......
တခု သတိပေးမယ်ဗျာ......ကိုယ်မကျွမ်းခင် နားမလည် တဲ့  အရပ် မှာ အာမချောင်ပါနဲ့ 
ခဗျား ဘာကောင်မှ မဟုတ် ဘူး.။။။။။။။ ချိုတူးဇော်
....................................................................................
( ဖေကမ္ဘာငြိမ်းချမ်း)
Pe Kabar Nyein Chan
ကျနော်မြင်သော သဲသဲလှုပ် ငှက်. . .(ချိုတူးဇော်)

ကျနော်က ထူးအိမ်သင် သီချင်းတွေထဲမှာ လေးငါးခြောက်ပုဒ်လောက် အတော်ကြိုက်ပါတယ်။
အတော်များများ ကို မကြိုက်ပါဘူး။ ဒီလို ပြောရင် လူတွေနဲ့ ကန့်လန့်ဖြစ်ပါမယ်။ 

ဘာကို မကြိုက်သလဲ ဆို သူ့ဆိုဟန် က တက္ကနစ်အရမ်းများတာကို မကြိုက်တာပါ။
မကြိုက်တာကို ပြောနေတာ၊ ကောင်းတာ၊ မကောင်းတာ၊ ပြောနေတာမဟုတ်ဘူး။ သေချာကွဲပြား
အောင်လဲ အဓိပ္ပါယ်ကို ဖမ်းပါဦး။

ကျနော်က မုဒ်နဲ့ အိပ်စ်ပရက်ရှင်ကို ပို အားသန်တယ်။ ဒီတော့ အဆိုတော်ထဲ စိုးလွင်လွင် ကို
တောင် အတော်ကြိုက်တယ်။ တခါတလေ စည်းလွတ်ဝါးလွတ် အသံဝါကြီးနဲ့ အော်ထည့်လိုက်တာက ကျနော့်ရင်ထဲ တည့်တည့်ဝင်တယ်။ 

ရေးဟန်မှာလဲ ထူးအိမ်သင် က ဖြတ်ညှပ်ကပ်ဟန် ဖြစ်နေတယ်။ တကယ်လဲ တချို့သီချင်းတွေ
ဟာ ကမ္ဘာ့ဂန္တ၀င်ရော၊ ခေတ်ပေါ်ကော ဖြတ်ညှပ်ကပ်တွေ သုံးထားပါတယ်။ ဒီတော့ သူ့ဖန်တီး
မှု အားလုံးကို ကျနော်မကြိုက်ပါ။

ကျနော့်အကြိုက်ပြောတာပါ။

ကျနော့် စိတ်ထဲ မြန်မာပြည် ခေတ်ပေါ်ဂီတမှာ အလွှမ်းမိုးဆုံး တေးရေးဆရာ ကို ပြောပါ၊ ပြပါ ဆို
ဆရာစိုင်းခမ်းလိတ်ပါ။ သူ့ရေးသားမှုတွေက ပသာဒဂုဏ်နဲ့၊ ဖြတ်ညှပ်ကပ်မပါ။ လောက၊ ဓမ္မ၊
ဒဿန တွေကို လှလှပပ ရိုးစင်းစွာ သီကုံးတယ်။ 
သူ့သီချင်းတွေ နားထောင်ခံစားကျင့်ကြံရင်တောင် လူ့ဘောင်အဖွဲ့အစည်းက အတော်ငြိမ်းချမ်းမယ်။ 
နောက်ထပ်တယောက်ကို ပြပါ ဆို ခင်ဝမ်း ပါ။ 
ဧရာဝတီ လို သီချင်းမျိုးဟာ၊ ဘာ ချစ်ကြိုက်ကွဲညားမှ မပါတဲ့ ဂီတပန်းချီ။
သူတို့ကို ပါရမီရှင်တွေလို့ မြင်မိတယ်။
ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုရဲလွင် တို့ မဇ္ဈိမ အဖွဲ့က ဆရာကြီးတွေကိုလဲ အင်မတန်မှ နှစ်ချိုက်
လှတယ်။ သူတို့တွေဟာလဲ အနောက်ဂီတ ကို မြန်မာဟန်နဲ့ လမ်းသစ်ဖေါက်ကြသူတွေလို့
မြင်ပါတယ်။ 

ထူးအိမ်သင် ရဲ့ ရာဇ၀င်များရဲ့သတို့သမီး ဟာ စိတ်ကူးဆန်းကြယ်၊ စကားလုံးအားပြင်း၊ ဖွဲ့စည်းမှု
လှ ပေမဲ့၊ သူ့ဆိုလို က အာရေဗီယ ဆန်ဆန် ထည့်တဲ့အခါမှာ (သူကိုယ်တိုင်လဲ အာရေဗီယမြင်းတွေ ကို ညွှန်းသလိုလို အင်တာဗျူးမှာ ပြောခဲ့သလိုလို) ကျနော် မနှစ်ချိုက်ပါ။

ကျနော်က အမျိုးသားဟန်ကလေးနဲ့ အနောက်တိုင်းဂီတ ကို ကိုယ်ပိုင်ဟန်ဖွဲ့စည်းစေချင်တယ်
ဒါမှ ကမ္ဘာကို ထိုးဖေါက်နိုင်မှာပေါ့။

ကျနော့်အမြင်ပါ။

နောက် အဲဒီ သူ့ဖြတ်ညှပ်ကပ်ဂီတ မပေါ်ထွန်းခင်မှာ၊ မဇ္ဈိမလှိုင်း၊ သဘာဝရဲ့ရင်သွေးငယ်၊ ခင်ဝမ်း၊
ဂျေညီညီ( ဂျေညီညီ က ဘယ်တုန်းကမှ ကော်ပီမဆိုခဲ့တဲ့ အဆိုတော်တယောက်ပါ)၊ ခိုင်ထူး တို့
ကိုယ်ပိုင်သံစဉ်အားကောင်းကောင်း ချီတက်မှုတွေဟာ ကွေ့ချိုးရပ်တန့်စေခဲ့တယ်။

ဖြတ်ညှပ်ကပ် ကို ဆိုနေရာက နောက်ပိုင်းမှာ သူကိုယ်တိုင် ကော်ပီ ကို ဆိုခဲ့တယ်။

နောက်တချက်က ကော်ပီအပေါ်မှာ သူ့အမြင်၊
အင်တာဗျူးတခုမှာ သူက သီချင်းကို သီချင်းလိုပဲ မြင်ပါတယ် ဆိုပြီး၊
ကော်ပီ ဆိုတဲ့ကိစ္စ ကို ပြောတယ်။

သူ့ရဲ့ ဖြတ်ညှပ်ကပ်ဂီတ နဲ့ အားကောင်းလာတဲ့ ပရိတ်သတ်အားကြီးနဲ့ သူကိုယ်တိုင်ကော်ပီကိုဆို၊ အဲဒီလို ရပ်တည်လိုက်တဲ့အခါ၊ ကိုယ်ပိုင်အားထုတ်မှု မရှိ၊ မစွမ်းဘဲ၊ ကော်ပီနဲ့ ရပ်တည်ကြတဲ့
အဆိုသမား၊ အရေးသမား၊ အတီးသမားတွေ အင်နဲ့အားနဲ့ အားကောင်းလာပါလေရော။

ဒီလိုနဲ့ မြန်မာ့ဂီတ မှာ ကိုယ်ပိုင်ဖန်တီးမှုဟာ အလဲထိုးခံရပြီး၊
ကော်ပီက ပြန်နေရာယူခဲ့တာ ဒီနေ့ထက်ထိတိုင်ပါပဲ။

သူဟာ မြန်မာ့ခေတ်ပေါ်ဂီတဟောင်းနွမ်းနေတဲ့ ရေစီးကြောင်းထဲ ချိုးကွေ့ထိုးဖေါက်ခဲ့သော၊ ထူးခြားသော အသံရှင်၊ ပင်ကိုယ်အသံလှပသူ၊ ခေတ်ရဲ့ သမိုင်းဝန် ကို ထမ်းခဲ့သောအနုပညာသမား၊
၈၈မျိုးဆက် စ သဖြင့် သူ့ကို လေးစားရတာတွေ အများကြီးပါ။

ဒါပေမဲ့ ပါရမီရှင်လို့ ပြောဖို့ကျတော့၊ သူ့ကိုယ့်ပိုင်ဖန်တီးမှုတွေထဲမှာ ဖြတ်ညှပ်ကပ်တွေ ပါနေသလားလို့။ အဲဒါကို လက်ခံလိုက်ရင်၊ မြန်မာဂီတထဲ ကိုယ်ပိုင်ဖန်တီးမှုတွေ ကျဆင်းသွားမှာ စိုးလို့ပါလေ။

ဆိုပါတော့ ခင်ဝင်း ရဲ့ ဧရာဝတီ၊ မြစ်၊ ခင်မောင်တိုး ရဲ့ ဝေးခဲ့ပြီ ပန်းခရမ်းပြာ၊ စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင် တို့ရဲ့ ပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံ လို သီချင်းမျိုးတွေက
များ ပိုပြီး ကိုယ်ပိုင်ဖန်တီးမှု ဖြစ်နေမလားလို့။

နိုင်ငံခြားသားဂီတသမားတွေကို ဒါ ငါတို့လူမျိုးတွေ ဖန်တီးထားတာလို့ ပြစရာ၊ ကြွားစရာထဲ
ဖြတ်ညှပ်ကပ် လုံးဝ မငြိမစွန်းမှ ပိုဂုဏ်ရှိမယ် ထင်ပါတယ်။

အပြစ်မတင်ရက် တင်ရမယ် ဆို
ကော်ပီလိုင်းကြီး ခုလောက် အားကောင်းသွားရစေတဲ့ တရားခံတဦးထဲ သူ လဲ ပါသလိုတောင်
ကျနော်က မြင်မိတယ်။

ကျနော့်အမြင်ပါလေ။

လွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးကြည့်ပေါ့ဗျာ။

ချိုတူးဇော်
 

No comments:

Post a Comment