Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 18, 2014

တစ်ခုခုကြောင့် ခံစားနာကျင်နေတဲ့အချိန် အလုပ်သွားရတဲ့အခါ ဘယ်လိုပြုမူနေထိုင်ခြင်းဟာ အသင့်တော်ဆုံးဖြစ်မလဲ




တစ်ခါတစ်လေ အချိန်အကြာကြီးတွဲလာခဲ့တဲ့ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့အခါ၊ ဒါမှမဟုတ် အိမ်ကိစ္စကြောင့် ပြသနာကြီးကြီးမားမား ကြုံရတဲ့အခါ စတဲ့ စိတ်လေစရာ၊ စိတ်ဓာတ်ကျစရာအဖြစ်မျိုးတွေနဲ့ ကြုံလာရတဲ့အခါ အားလုံးနဲ့ဝေးရာကို ပြေး ထွက်သွားချင်တဲ့ စိတ်မျိုး ဖြစ်နေမှာပါ။ ဒါပေမယ့် ဒီလို ဖြစ်ဖို့အခြေအနေကလည်း မပေးပြန်ပါဘူး။ ဘာတွေဘယ်လိုဖြစ်ဖြစ် အလုပ်ခွင်မှာ ကိုယ်တာဝန်ယူထားတဲ့ လုပ်ငန်းဆောင်တာတွေ ရှိနေတာကြောင့် အားလုံးကို ပြီးဆုံးအောင် ဆောင်ရွက်ရမယ်ဆိုရင် ခုနလို စိတ်အခြေအနေမျိုးနဲ့ ဘယ်လိုအဆင်ပြေအောင် အလုပ်မှာ ပြုမူသင့်သလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်ခွင်မှာ မငိုမိပါစေနဲ့။

အိမ်မှာ ခံစားချက်တွေ ပေါက်ထွက်ပြီး ငိုချလိုက်တာမျိုးက ကိစ္စမရှိပေမယ့် အလုပ်ခွင်မှာ ငိုနေတာမျိုး၊ ငိုထားတဲ့ မျက်နှာနဲ့ တစ်ချိန်လုံးရှိနေတာမျိုးဟာ သင့်အလုပ်အတွက်၊ သင့်လုပ်ဆောင်မှုအတွက် အမှတ်တွေ လျော့ကျစေပါလိမ့်မယ်။ ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် မငိုလိုက်ပါနဲ့။ ထိန်းမရလို့ ငိုချလိုက်ချင်တယ်ဆိုရင်လည်း အိမ်သာထဲမှာ အသံမထွက်အောင် ငိုပြီး ဘာမှမဖြစ်သလို ပြန်ထွက်လာခဲ့ပါ။ ဒါမှမဟုတ်ရင်တော့ ကိုယ်အလုပ်လုပ်တဲ့နေရာရဲ့ အပြင် တစ်နေရာကို လမ်းလျှောက်ထွက်လိုက်ပါ။

၂။အကြောင်းတစ်ခုခုဆို ဖြေရှင်းနိုင်အောင်လုပ်ပါ။

စိတ်ထိခိုက်ကြေကွဲလွန်းလို့ ရုံးကိုလာနိုင်ပေမယ့် အလုပ်လည်း မလုပ်နိုင်၊ မစားနိုင် မသောက်နိုင် ဖြစ်တာမျိုးတွေ ရှိမှာပါ။ ဒီလိုမျိုး ကြုံလာရင်တောင် ကိုယ့်အလုပ်ကို ပြီးဆုံးအောင်လုပ်ဖို့ သင့်မှာ တာဝန်တွေရှိသေးတယ်ဆိုတာ မမေ့ပါနဲ့။ အမှားလုပ်မိတာမျိုးဆိုရင်လည်း ရအောင် ဖြေရှင်းပြီး မပြီးဆုံးတဲ့အလုပ်တွေကို အိမ်မှာယူပြီး လုပ်ပါ။ သတ်မှတ်ထားတဲ့နေ့မှာ ပြီးပါတယ်ဆိုတာမျိုး ဖြစ်ရင် အကောင်းဆုံးပါပဲ။

၃။စိတ်ရှုပ်စရာတွေကို အာရုံမရောက်မိပါစေနဲ့။

အီးမေးလ်တွေ စစ်ပြီး ဟိုဘက်က ပြတ်သွားတဲ့ ကိုယ့်ချစ်သူ ပို့ထားတဲ့ မေးလ်တွေ တစိမ့်စိမ့်ဖတ်ခံစားနေတာမျိုး၊ facebook က သူ့စတေးတပ်စ်တွေကြည့်ပြီး ငိုချပစ်လိုက်ချင်တာမျိုးတွေ မဖြစ်ရလေအောင် ဆိုရှယ်နက်ခ်ဝက်ခ်တွေနဲ့ ခပ်ဝေးဝေး နေလိုက်ပါ။

၎။ခံစားနေရတာတွေကို အလုပ်မှာ လျှောက်မပြောပါနဲ့။

ကိုယ့်အလုပ်က အခင်ဆုံးသူငယ်ချင်းတစ်ယောက်၊ နှစ်ယောက်ကလွဲပြီး အလုပ်ခွင်က လူတွေအားလုံး ကိုယ့်ကိစ္စရပ်တွေကို သိနေအောင် ပြေဆိုနေတာမျိုးတွေ မဖြစ်သင့်ပါဘူး။ ဒါဟာ ကိုယ်ရဲ့ပြိုင်ဘက်တွေကို ကိုယ့်ကိုထိုးနှက်ဖို့ အခွင့်အလမ်းပေးလိုက်သလိုပဲဆိုတာ မမေ့ပါနဲ့။

၅။ဦးနှောက်ကို လှည့်စားလိုက်ပါ။

သင်တစ်စုံတစ်ယောက်ကို စိတ်ပူနေတယ်ဆိုရင်၊ ပါးစပ်ကလေး တစ်ချက်ဟလိုက်ပါ တဲ့။ ဒီစကားဟာ နည်းနည်း ထူးဆန်းပေမယ့် သက်ရောက်မှုရှိစေတာတော့ အမှန်ပါပဲ။ အရမ်းစိတ်ပူနေတဲ့လူတွေဟာ ပါးစပ်ပိတ်ငြိမ်နေတာထက် ပါးစပ်လေးတစ်ချက်ဟလိုက်တဲ့အခါ ဦးနှောက်က စဉ်းစားနေသမျှတွေဟာ ပျောက်သွားပါလိမ့်မယ်။ ဒီနည်းနဲ့မှ မရရင်တော့ မျက်နှာကို အေးမြတဲ့ရေနဲ့ နည်းနည်း ထိတွေ့ပေးလိုက်ပါ။

၆။လုပ်ဆောင်ရမယ့်အရာတွေကို ကြိုတင်စီမံပါ။

စိတ်ခံစားချက်တစ်ချို့ကြောင့် ရုံးမှာ အရင်လို အလုပ်ကောင်းကောင်းမလုပ်နိုင်၊ အလုပ်တွေ မပြီးတာမျိုးတွေ ကြုံလာနိုင်တာမို့ ညတိုင်း မနက်ဖြန်ကိုယ်လုပ်ရမယ့် အလုပ်တွေက ဘာဆိုတာ ချရေးထားပြီး ပြီးမြောက်အောင် လုပ်ဆောင်ပါ။ ဒီလိုကိုယ်ချရေးလိုက်တဲ့ အရာတွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်သွားရင် နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။

Ref:cosmopolitan.com

Trend Myanmar

No comments:

Post a Comment