ကျောင်းထိုင်ဆရာ တော်တစ်ပါးကို ဘုန်းတော်ကြီးကျောင်း နေ ကျောင်းသားက အမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်နေကြောင်း ဂုဏ်သိက္ခာ ကျဆင်းအောင် စွပ်စွဲပြောဆိုသဖြင့် ထို ကျောင်းသားအား တူဖြင့် ထုရိုက်သတ်ခဲ့ ကြောင်း အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်နယ် မြေရဲစခန်းသို့ လာရောက်ဝန်ခံမှုတစ်ခု သြဂုတ် ၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် အောင်ညီသာ ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သက် တော် ၃၂ နှစ် ကျောင်းထိုင်ဆရာတော် သည် အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်နယ်မြေ ရဲစခန်းသို့ရောက်ရှိလာပြီး နံနက် ၁ဝနာရီ မိနစ် ၄ဝ က အဆိုပါကျောင်း၌ ကျောင်း သားဖြစ်သူ အသက် ၁၈နှစ်အရွယ် စော ပြည့်အောင်က ဆရာတော်အား ရွာထဲရှိ အမျိုးသမီးတစ်ဦးနှင့် သမီးရည်းစားဖြစ်နေ ကြောင်း ဂုဏ်သိက္ခာကျဆင်းအောင် စွပ်စွဲ ပြောဆိုခဲ့သဖြင့် ဆရာတော်က စောပြည့် အောင်အား တူနှင့်ထုရိုက်သတ်ခဲ့ကြောင်း လာရောက်ဝန်ခံပြောပြချက်အရ သက်ဆိုင် ရာ စခန်းမှူးရဲအုပ်သန်းစိုးဝင်းနှင့်အဖွဲ့က သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပေါ်ထပ်ခြေ ရင်းခန်း၌ စောပြည့်အောင်မှာ ပက်လက် အနေအထားဖြင့် နဖူးပေါက်ပြဲဒဏ်ရာ၊ ဦးနှောက်ထွက် ဦးခေါင်းဝဲဘက် ပေါက်ပြဲ ဒဏ်ရာ၊ ဝဲနားရွက်ပေါက်ပြဲဒဏ်ရာ၊ ယာ မျက်ခုံးပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံး နေကြောင်းသိရ၍ ရဲဆေးစာဖြင့် အောင် လံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့သည်။
အဆိုပါဆရာတော်အား အောင် လံမြို့နယ် ကသစ်ကန်ကျေးရွာ ကျောင်း ထိုင်ဆရာတော်ရှေ့တွင် လူဝတ်လဲစေခဲ့ ကြောင်း၊ အဆိုပါ စောပြည့်အောင်အား တူ ဖြင့်ထုရိုက်သတ်သူ ဆရာတော်(ခ)ကျော် မင်းဌေးအား ဥပဒေအရ အရေးယူပေးပါ ရန် ရဲအုပ်သန်းစိုးဝင်းက တရားလိုပြုတိုင် တန်းခဲ့ရာ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်နယ် မြေရဲစခန်းက (ပ)၂၆/၂ဝ၁၄ ပြစ်မှုဆိုင် ရာဥပဒေပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်းသိရသည်။
Yangon Media Group
No comments:
Post a Comment