ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်စွန်တောက် လို့ခေါ်တဲ့ ထိုင်းဘုန်းကြီးကျောင်း အနောက်ဘက် ဝန်းကျင်က
ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ အသက် ၅၂ နှစ်
မြန်မာနိုင်ငံသား ဦးစိုင်းလှိုင်ပန် သည် သြဂုတ်လ ၁၀ ရက်နေ့ နေ့ခင်းပိုင်းမှာ
ငြမ်းဆင်နေရင်း ၅ ထပ်တိုက်ပေါ်ကနေ ပြုတ် ကျပြီး သေးဆုံး ခဲ့ ပါတယ်။
ေေ-သေဆုံးသူ မြန်မာအလုပ်သမား ဦးစိုင်းလှိုင်ပန်
ထိုင်းအလုပ်ရှင်ဖြစ်သူက သေးဆုံးသူအတွက် သင်္ဂြိုလ်စရိတ် ဘတ် တစ်သောင်းခွဲ (
မြန်မာကျပ်ငွေအားဖြင့် ၅ သိန်းဝန်းကျင်သာ) ပေးဆောင်ခဲ့ပြီး နစ်နာကြေးကို
မပေးလိုတာကြောင့် သေးဆုံးသူ၏ သားဖြစ်သူ ကို နူတ်ပိတ်ထားသလို
ခြိမ်းခြောက်မှုတွေလည်း ရှိနေပါတယ်။
“ အဖေဆုံးသွားတော့ ချင်းမိုင်မှာ ဦးလေးဘပဲ ရှိတော့တယ်။ အမေကလည်း
မြန်မာပြည်မှာဘဲ။ သူဌေးက ကျတော့်နဲ့ ဦးလေးကို ထိုင်းမှာ ရေရှည်နေချင်ရင်
အသံမထွက်နဲ့ လို့ ပြောတယ်။ အဲဒါကြောင့် ဘယ်လိုမှ မလုပ်ရဲဘူး၊ နစ်နာကြေးတော့
လိုချင်ပါတယ် ” ဟု သေဆုံးသူ၏ သားဖြစ်သူ ဆိုင်ဟံသူက ဧရာဝတီ ကို ပြောပါတယ်။
ချင်းမိုင်မြို့မှာ ရှိတဲ့ စေတနာ နာရေးကူညီမှု အသင်းက သြဂုတ်လ ၁၄ ရက်နေ့က
သင်္ဂြိုဟ်ပေးခဲ့ပြီး ဒီအမှုနဲ့ ပါတ်သက်ပြီး ကူညီဆောင်ရွက်ပေးမယ်လို့
ဆိုပါတယ်။
ဒါပေမယ့် ကာယကံရှင်တွေက ပြဿနာ တစုံတရာတက်လာမှာ စိုးရိမ်တာကြောင့် အမှုကို ဖုံးကွယ်ထား ပါတယ်။
“ ကျတော်တို့က မြန်မာသံရုံးရယ် လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး
နစ်နာကြေးအတွက် လိုက်မယ်။ ခက် တာ က ထိုင်းအလုပ်ရှင်က ခြိမ်းခြောက်ထားတော့
သေတဲ့သူတွေဘက်က ကြောက်နေကြတယ်။ ဘာတခုမှ မပြောဘူး။ မလိုက်ဘဲနေရင်လည်း ဘတ်
တစ်သောင်းခွဲနဲ့ ဘဲ ပြီးသွားမယ် ” ဟု စေတနာ နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ က
ပြောပါတယ်။
ဒီအမှုနဲ့ ပါတ်သက်ပြီး ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က
“ ဖြစ်တဲ့ အခြေအနေ အထောက်အထားတွေကို ယူပြီးရင် ချင်းမိုင်မြို့မှာ ရှိတဲ့ အလုပ်သမား ကာကွယ်
စောင့် ရှောက်ရေးရုံးမှာ အမှုဖွင့်လို့ ရပါတယ်။ အဲလို
အမှုဖွင့်ထားတဲ့အကြောင်းကို ကျတော်တို့ကို မိတ္တူပို့ပေး လိုက်ရင်
ကျတော်တို့ဘက်က ချင်းမိုင်ရုံးနဲ့ ဆက်လုပ်လို့ ရမှာပါ ” ဟု ဆိုပါတယ်။
သေဆုံးသူ ဦးစိုင်းလှိုင်ပန်ဟာ ရှမ်းပြည်နယ် တောင်ပိုင်း မိုးနဲမြို့က
ဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သား ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်။
သေဆုံးသူ၏ နိုင်ငံကူး လက်မှတ်
သေဆုံးသူ အလုပ်လုပ်ခဲ့ရာ အဆောက်အဦ၊ အဆိုပါအဆောက်အဦး လုပ်ငန်းခွင်မှ အလုပ်လုပ်ရင် ပြုတ်ကျသေဆုံးသည်။
ထိုင်း အလုပ်ရှင်၏ ဓာတ်ပုံ
ငြိမ်းဇော် ~
ဧရာဝတီ Facebook / ဧရာဝတီ Twitter
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 15, 2014
ထိုင်းနိုင်ငံမှာ နှုတ်ပိတ်ခံထားရတဲ့ မြန်မာပြည်သား သေဆုံးမှု
ထိုင်းနိုင်ငံမှာ နှုတ်ပိတ်ခံထားရတဲ့ မြန်မာပြည်သား သေဆုံးမှု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 15, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment