CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 19, 2014
မျိုးရိုးနှင့် ကံတရားကြောင့် ပြည်မြို့၌ မွေးဖွားလာသည့်သုံးပွားပူးညီအကိုများ ကျန်းကျန်းမာမာရှိနေ
သြဂုတ်လ ၁၉ ၂၀၁၄
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ သြဂုတ်လတတိယအပတ်အတွင်းက မွေးဖွားသည့် ယောက်ျားလေးသုံးမွှာပူးကလေးများနှင့် မိခင်ပါယနေ့အထိ ကျန်းကျန်းမာမာရှိသည်ဟု သိရှိရသည်။
“ဒါမျိုးကရှုားရှားပါးဖြစ်စဉ်ပါ။ ဒီဆေးရုံကြီးအနေနဲ့ ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့ (၂)နှစ်တာ ကာလ အတွင်းမှာတော့ ဒါပထမဆုံးမွေးတာပါ။ ဒီလိုမျိုးဖြစ် မွေးရတဲ့အကြောင်းအရင်းက မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို ကံတရားကြောင့်လည်းဖြစ်နိုင်ပါတယ် ”ဟု ပြည်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာဦးတင့်ရွှန်းက ပြောသည်။
အဆိုပါ သုံးမွှာပူးကလေး၏မိခင်မှာ ကန်ကလေးကျေးရွာမှဖြစ်ပြီး ပထမဦးဆုံးအကြိမ် သားဦးအဖြစ် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်တင်မာဝေမှ သုံးယောက်စလုံးအား တစ်မိနစ်စီ ခြား၍ သြဂုတ်လ(၁၄)ရက်နေ့က ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
ပထမဆုံးသားမှာ ၅ ပေါင် ၈ အောင်စ၊ ဒုတိယသားမှာ ၄ ပေါင် ၈ အောင်စနှင့် နောက်ဆုံးသားမှာ ၃ ပေါင် ၆အောင်စ ရှိသည်ဟု သိရသည်။
“အမ်ထရာဆောင်းရိုက်တုန်းက နှစ်မွှာပူးပဲတွေ့တာ။ သုံးမွှာပူးမွေးမယ်လို့မထင်ဘူး။ သုံးမွှာပူးမွေးလာ တော့လည်း ပျော်ရတာပေါ့။ ဆေးရုံက၀န်ထမ်းတွေလည်း အထူးအဆန်းဖြစ်နေတော့ အားလုံးက ဂရုစိုက်ကြပါတယ်”ဟု သုံးမွှာပူးကလေးများ၏မိခင် ဒေါ်စန်းစန်းဝင်းက ပြောသည်။
သုံးမွှာပူးမွေးသည့်အတွက် အဆိုပါမိခင်အား ဆေးရုံအုပ်ကြီးအပါအ၀င် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့မှလည်း ထောက်ပံ့ကြေးပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် ၂၀၁၂ ခုနှစ် မှ ၂၀၁၄ ခုနှစ် သြဂုတ်လထိ လာရောက်ကုသသော လူနာများအနက် ကလေးမွေးသောမွေးလူနာများမှာ ဒုတိယအများဆုံးဖြစ်ပြီး အများဆုံး လာရောက်သည့်လူနာများမှာ မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာသူများဖြစ်သည်။
Credit: Myitmakha Media Group
မျိုးရိုးနှင့် ကံတရားကြောင့် ပြည်မြို့၌ မွေးဖွားလာသည့်သုံးပွားပူးညီအကိုများ ကျန်းကျန်းမာမာရှိနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 19, 2014
Rating: 5
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcemC5BdE8G1LZC8fpdoiMmZy1K8OCymJ9y-sUkfJJBZZIQ0rXEH3fUTJ06i1gvxAw62Bs1CMMxH745pV_269n_x6mrWkItm-Hx6qhGi7IrXKdujGheTHbNbxnE2gX_mXyyep9NaPa1aA/s72-c/275.jpg)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment