Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

ရန်ကုန်တိုင်းလွှတ်တော်တွင် မေးခွန်းများကို ၀န်ကြီးဌာနများ တိတိကျကျ ဖြေဆိုမှုမရှိဟုဆို


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းများကို ၀န်ကြီးဌာနများမှ ပြန်လည်ဖြေ ကြားရာတွင် တိကျသော အဖြေ မရရှိမှုများ ကြုံတွေ့နေရကြောင်း လွှတ်တော်ကိုယ်စားလှယ်   ဦးသောင်းစိန်က လွှတ်တော်သို့ တင်ပြလိုက်သည်။
တိုင်းလွှတ်တော်တွင် ကြယ် ပွင့်ပြမေးခွန်းများ မေးမြန်းမှုကို ၀န်ကြီးဌာနများက  ပြန်လည်ဖြေ ကြားရာတွင် အဖြေသည် ရှည် လျားလွန်းခြင်း၊ အသံမသဲကွဲခြင်း တို့ကြောင့် ဖြေကြားခြင်းပြီးဆုံး သွားသော်လည်း တိကျသည့် အ ဖြေကိုမရကြောင်း ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်က သြဂုတ်  ၂၇ ရက်တွင် ကျင်းပ သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တင်ပြခြင်းဖြစ်သည်။
လွှတ်တော်တွင် ကြယ်ပွင့်မ ပြမေးခွန်းနှင့် အရေးကြီးသော အ ကြောင်းအရာများကို မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းများကို မေးမြန်းရာ၌  ကြယ်ပွင့်မပြမေးခွန်းများကိုမူ ၀န်ကြီးဌာနများကလွှတ်တော်တွင် ဖြေကြားမှုအပြင်ဖြေကြားမှုအပြည့်အစုံကို လွှတ်တော်ကိုယ်စားလှယ်အား   ပေးသည့် အတွက် အဆင်ပြေကြောင်း ဦးသောင်းစိန်ကပြောသည်။
ထို့အတွက်ကြောင့် ကြယ် ပွင့်ပြမေးခွန်း၏ ဖြေကြားချက် မိတ္တူတစ်စောင်ကို မေးမြန်းသူ ကိုယ်စားလှယ်အား ထုတ်ပေးရန် အစီအစဉ်ရှိ၊မရှိ    လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းစိန်က လွှတ်တော်သို့ မေးမြန်းခဲ့သည်။
ကြယ်ပွင့်ပြမေးခွန်းများမှ လွှတ်တော်တွင် ဖြေကြားသည့် မေးခွန်းများ၏ အဖြေများကို လွှတ် တော်ကိုယ်စားလှယ်များအား သီး ခြားထုတ်ပေးခြင်းမပြုတော့ဘဲ၊ လွှတ်တော်အတွင်း၌ ပြောဆိုဆွေးနွေးသည့်အချက်များ ပြည့်စုံစွာ ပါဝင်သည့် လွှတ်တော်မှတ်တမ်း များ ဖြန့်ဝေသည့်အခါတွင် ထည့် သွင်းသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌက  ပြန်လည်ဖြေကြားပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးများကို ပုံမှန်လွှတ်တော်အစည်းအဝေး များ၊ အထူးအစည်းအဝေးများနှင့် အရေးပေါ်အစည်းအဝေးအပါအ ၀င် အစည်းအဝေး(၁၂)ကြိမ်ကျင်းပပြီးစီးခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၆၀၆ ခုကို လွှတ်တော်ကိုယ်စား လှယ်များက မေးမြန်းခဲ့ကြသည်။

No comments:

Post a Comment