Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

ထိုင်းတွင် မြန်မာအလုပ်သမားသားအမိ ၃ ဦး အသတ်ခံရ

ထိုင်းနိုင်ငံ အလယ်ပိုင်း ကန်ချနဘူရီခရိုင်မှာ မြန်မာအလုပ်သမား သားအမိ ၃ ဦး အသတ်ခံရတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ထောင်း ဖာဖူးမြို့ နယ် ဟွေ့ခိုင်ကျေး ရွာအုပ်စုက ရာဘာခြံထဲ မှာ လူသတ် မှုဖြစ်ပွားကြောင်း သတင်းပေး ချက်အရ ကန်ချန ဘူရီ ခရိုင် ထောင်း ဖာဖူးမြို့မရဲစခန်း တာဝန် ရှိသူတွေ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

အဲဒီနေရာမှာ ရာဘာခင်း အလယ်က ၀ါးတဲအိမ်ထဲမှာ ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသ မီးတဦးနဲ့ မိန်းကလေးငယ် ၂ ဦးတို့ရဲ့ အလောင်းတွေကို တွေ့ရှိရတယ်လို့ စခန်းမှူး ဒုရဲမှူး ၀ိနိုင်း ထနားဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သေဆုံးသူတွေဟာ မဌေး (အသက် ၄၂ ) နှစ်၊ မအေး (၉) နှစ် နဲ့ မပီး ( ၃ ) နှစ် တို့ဖြစ်ပြီး ရာဘာခြံ အလုပ်သမား နိုင်ပလိုင်း ရဲ့ ဇနီးနဲ့သမီးတွေ ဖြစ်ကာ နိုင်ပလိုင်း ငါးသွားမျှားနေတုန်း အ သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

လူသတ်သမားကို ဖမ်းဆီးရမိဖို့အတွက် အနီးနားပတ်ဝန်းကျင်က သက်သေတွေ ခေါ်ယူစစ်ဆေးနေကြောင်း၊ ရွာသားတွေက ၂၆ ရက်နေ့ ည ၈ နာရီလောက်က သူတို့တဲနားမှာ အော်သံလိုကြားမိကြောင်း၊ တဲတခုနဲ့ တခုဝေးတော့ လာမကြည့်ဖြစ်ကြောင်း၊ မနက်မိုးလင်းတဲ့အခါ သေဆုံးသူဟာ ရာဘာစေးလာခြစ်တာ မတွေ့ ရတဲ့အတွက် အိမ်ကိုလာကြည့်မှ အသတ်ခံရမှန်းသိတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

လူသတ်တရားခံကို ဖမ်းမိဖို့ ဆက်လက်စုံစမ်းနေပြီး ဒီအမှုမှာ တရားခံဟာ အမျိုးသမီးကို ခင်ပွန်းမရှိခိုက် မု ဒိမ်းကျင့်ဖို့ ကြံရွယ်တာဖြစ်နိုင်ကြောင်း ကလေး ၂ ဦးကိုလည်း နုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်ခဲ့တာလို့ ရဲစ ခန်းက ခန့်မှန်းထားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

No comments:

Post a Comment