Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 26, 2014

" ဓမ္မစေတီခေါင်းလောင်းအား ဆယ်ယူရန်ပြင်ဆင်နေ "



ဓမ္မစေတီခေါင်းလောင်းအားတွေ့ ရှိ၍ ရှာဖွေရေးအဖွဲ့ များက 
ဆယ်ယူရန်အတွက် ပြင်ဆင်နေကြောင်း မွန်စာပေနှင်ယဉ်ကျေးမှု
ကော်မတီ မှ အဖွဲ့ ဝင်ဦးနိုင်မင်းအောင်မှပြောသည်။

ခေါင်းလောင်းအား ဆယ်ယူရန် ကြိုးများဖြင့် ချီထားသည်ဟုဦးစံလင်းနှင့် တယ်လီဖုန်းအဆက်အသွယ်ရ၍ ၄င်းအားပြော ဆိုခဲ့ခြင်းဖြစ်ကြောင်းဆက်ပြောသည်။

ပထမအကြိမ်ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးကို ၁၈ရက်အထိသာ ရန်ကုန်တိုင်းဒေသကြီးအစိုးရကခွင့်ပြုထားသော်လည်း ယနေ့ တွင်ရက်ပြည့်သွားသည့်အတွက် ဒုတိယအကြိမ် ဓမ္မစေတီခေါင်းလောင်းကို ထပ်မံ ၍ ရက်ပေါင်း၁၇ရက် တိုးမြှင်တောင်းခံထားကြောင်းပြန်ကြားရေး တာဝန်ခံ ဦးကြည်ဝင်းက မီဒီယာများအားဖြေကြားခဲ့သည်

ဓမ္မစေတီခေါင်းလောင်း ပတ်သက်ပြီး ရှာဖွေမှု နောက်ဆုံးနေ့ အနေဖြင့် ရှာဖွေရေးခေါင်းဆောင်ဦးစံလင်းကိုယ်တိုင်ယနေ့  ညနေပိုင်းတွင် မီဒီယာများနှင့်တွေ့ ဆုံကာတရားဝင်အသိပေးပြောကြားသွားမည်ဖြစ်ကြောင်း မွန်စာပေနှင်ယဉ်ကျေးမှု ကော်မတီ မှ အဖွဲ့ ဝင်ဦးနိုင်မင်းအောင်မှပြောသည်။

အောင်ဇော်ထူး

No comments:

Post a Comment