Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူရာတွင် လူစောင့်လဲနိုင်သည့်အတွက် တနင်္ဂနွေ သားသမီးများအား သွား ရောက်ကြည့်ရှုခြင်း မပြုရန် ကောလဟလ သတင်းများထွက်ပေါ်

ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား ဦးစံလင်း ဦးဆောင်သော ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့မှ ခေါင်းလောင်းတော်ကြီးအား ဆယ်ယူရန်အတွက် ရှာဖွေမှုများ ပြုလုပ်ရာတွင် လူစောင့်လဲနိုင်ခြင်းများ ဖြစ်ပေါ်နိုင်သည့် အတွက် တနင်္ဂနွေ သားသမီးများအား အဆိုပါ ခေါင်းလောင်းတော်ကြီး ဆယ်ယူသည့် နေရာသို့ သွားရောက် ကြည့်ရှုခြင်း မပြုရန်အပ်ဟု ကောလဟလ သတင်းများ ထွက်ပေါ် နေကြောင်း သိရသည်။

“ဒါကတော့ ရှေးအယူအဆ တစ်ခုလို့ထင်တယ်။ တနင်္ဂနွေဆိုတာ အောင်အတိတ်လေ။ ကျွန်တော်တို့ ဟိုးတုန်းကလည်း ကြုံခဲ့ဖူးတယ်။ တံတားဆောက်တယ်၊ ဘုရားတည်တယ်။ အဲလိုဟာမျိုး အဆောက်အဦးကြီးကြီး ဆောက်တယ်ဆိုရင် တနင်္ဂနွေ သားသမီးတွေကို မိဘတွေက မသွားဖို့ဆိုတာ အောင်အတိတ်ကို ယူတာကိုး။ ဗုဒ္ဓဘာသာ မြန်မာတွေက အဲဒါကြောင့် တနင်္ဂနွေ သားသမီးတွေကို အဲလို နေရာတွေကို မသွားဖို့တားကြတာ။ ဒါကတော့ ရှေးအစွဲရှိတယ်လေ” ဟု အေးရှားပွိုင့် ဘိုလင်း စင်တာ မန်နေဂျာ ဦးလှတင်က ပြောကြားသည်။

အဆိုပါ ဓမ္မစေတီ ခေါင်းလောင်တော်ကြီးကို ဦးစံလင်း ဦးဆောင်သော ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့မှ ဆယ်ယူရန် ရှာဖွေမှုကို သြဂုတ် ၈ရက် ၀ါခေါင်လဆန်း ၁၄ရက်နေ့မှ စတင်ကာ တူးဖော်ခြင်း လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ရာ ၁၇ ရက်တိုင်တိုင် ရှိခဲ့ပြီး ဆယ်ယူရန်အတွက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုထားသည့် သြဂုတ်လ ၂၆ ရက် တော်သလင်းလဆန်း ၂ ရက်နေ့သို့ ရောက်ရှိရန် ၂ ရက်သာ လိုတော့သော်လည်း ၁၇ ရက်တိုင်တိုင် ရှာဖွေခဲ့မှု၏ ကြားအချိန် ကာလတွင် ဆယ်ယူမှုနှင့် ပတ်သက်၍ ထူးခြားဆန်းကြယ်သည့် ဖြစ်စဉ် တစ်စုံတရာ မရှိခဲ့သော်လည်း သြဂုတ်လ ၂၁ရက်တွင် လှည်းကူးမြို့နယ် အောင်မင်္ဂလာ ရပ်ကွက်ရှိ သီတာအေး ၅လမ်းတွင် နေထိုင်သည့် အသက် ၆၇နှစ်ရှိ အဖွားအို ဒေါ်စိန်ကြည်အား နဂါးမောင်နှမ သုံးဖော်အနက်မှ နဂါးအမဖြစ်သူ စောသိုက်ရွှေ ၀င်ရောက် ပူးကပ်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီကောလဟလ ဆိုတာက မယုံကြည်လို့လည်း မရဘူး။ အခုမှ ဒီလိုသတင်းတွေ ထွက်တာ မဟုတ်ဘူး။ ဟိုးရှေးအစဉ်အဆက်တည်းက ဒါတွေကရှိခဲ့တာ။ ဘာပဲဖြစ်ဖြစ် လိုက်နာတာတော့ အန္တရာယ် ကင်းတာပေါ့”ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူရာ နေရာသို့ လာရောက်ကြည့်ရှုသူ တစ်ဦးဖြစ် သူဒေါ်ကျင်ဝေက ပြောကြားသည်။

ထို့အပြင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီး ဆယ်ယူမှုနှင့် ပတ်သက်၍ အချို့သော ယုံကြည်သက်ဝင်မှု ရှိသူများက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူရရှိနိုင်သည်ဟု ထင်မြင် ယူဆကြသော်လည်း၊ အချို့သော သူများကမူ ဆယ်ယူမှုအား မရရှိနိုင်ဟုဆိုကာ လောင်းကြေးများ ဖွင့်ကာ စတင် ဆယ်ယူသည့် ပထမ ရသတ္တပတ်တွင် ခေါင်းလောင်းဆယ်ယူမှု ရနိုင်မရနိုင် လောင်းကြေးများတွင် ဆယ်ယူရရှိပါက လောင်းကြေးငွေ ပမာဏ ဆယ်ဆ ရရှိမည်ဖြစ်ပြီး ဆယ်၍ မရပါက လောင်းကြေးငွေ တစ်ဆ ပေးရမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အဆိုပါ လောင်းကြေးများသည် ဆယ်ယူရရှိပါက အဆ နှစ်ဆယ် ရရှိမည်ဖြစ်ပြီး မရရှိပါက တစ်ဆ ပေးရမည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။

“ကျွန်တော်လည်း အဲဒါကို ကြားပါတယ်။ ဆယ်လေး တစ်လေးတို့ အဆနှစ်ဆယ် တစ်ဆတို့ ကြားတယ်။ ဒါတွေကတော့ ၀ိဇ္ဇာလိုင်းရယ်၊ သိပ္ပံလိုင်းရယ် ရှိတယ်လေ။ သိပ္ပံလိုင်းက လူတွေကတော့ အယုံအကြည် သိပ်မရှိကြဘူး။ ၀ိဇ္ဇာလိုင်းကို လက်ခံသူတွေ ကျတော့လည်း ပရလောကဆိုတာ မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့။ အဲတော့ ပြောလို့မရဘူးဆိုတဲ့ ယုံကြည်မှုတွေကြောင့်ပါ”ဟု အေးရှားပွိုင့် ဘိုးလင်းစင်တာ၏ မန်နေဂျာ ဦးလှတင်က ပြောကြားသည်။

Tomorrow Journal

No comments:

Post a Comment