အကယ်၍ ပြန်ကြားရေး ဒုတိယဝန်ကြီးနေရာ အား ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာက ပြောသည်။
”နှစ်ဦးနှစ်ဖက်ပြေလည်အောင် ပွဲစားပဲ လုပ် ပေးမယ်။ ဝန်ကြီးနေရာတော့ ကျွန်တော်မလုပ်ဘူး”
”ဘာကြောင့် မလုပ်ချင်လဲဆိုတော့ ကျွန်တော် လုပ်ပိုင်ခွင့်
နယ်နိမိတ်ကျဉ်းသွားမယ်။ တိုင်းပြည် ချို့ယွင်းနေတဲ့အချိန်မှာ
ကျွန်တော်တို့က နိုင်သလောက် လုပ်ရမယ့် တာဝန်တွေရှိတယ်” ဟု ဇာဂနာက ပြော သည်။
ဇာဂနာသည် ဇူလိုင်လ ၁၂ ရက်နေ့တွင် အနု ပညာရှင်များနှင့် သမ္မတကြီးတို့
တွေ့ဆုံရန်စီစဉ်ပေး ခဲ့ပြီး သြဂုတ်လ ၁ ရက်တွင် မီဒီယာအဖွဲ့အစည်း နှင့်
သမ္မတတွေ့ ဆုံနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရ သည်။
”ဘာကြောင့် သမ္မတနဲ့ မီဒီယာကို ဆုံတွေ့ ပေးတာလဲဆိုတော့ အနုပညာရှင်တွေနဲ့
သမ္မတ တွေ့ဆုံတဲ့နေ့က မီဒီယာသမားတချို့က အဲဒီနေ့မှာ ပါးစပ်ကို ကြက်ခြေခတ်
ပုံစံလုပ်ပြီး ဆန္ဒပြခဲ့တယ်။ ဒါကို သမ္မတကြီးက ကိုယ်တိုင်သွားပြီး လက်ဆွဲနှုတ်
ဆက်ပြီးဘာဖြစ်ကြတာလဲဗျာ ကျွန်တော့်ကို ပြောပါ ဦးလို့ ပြောရင်
မကောင်းဘူးလား။ ကျွန်တော်သာ သမ္မတကြီးဆိုရင် အဲဒီလိုလုပ်မှာ အမှန်ပဲ။
အဲဒီလို မဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဘူး။ တွေ့ဖြစ်အောင် ကို
လုပ်ပေးမယ်ဆိုပြီး လုပ်တာပါ” ဟု ဇာဂနာက ရှင်းပြသည်။
popular journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, August 6, 2014
ပြန်ကြားရေး ဒုတိယဝန်ကြီး နေရာ ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာ ဆို
ပြန်ကြားရေး ဒုတိယဝန်ကြီး နေရာ ကမ်းလှမ်းလာပါက မလုပ်ဟု ဇာဂနာ ဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 06, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment