Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

ကားတင်သွင်းမှုကနေ ကျပ်ငွေ ဘီလီယံ ၉၀၀ ကျော်ရ

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက် ကားဟောင်း အစားထိုးနဲ့ ကားတင်သွင်းခွင့် စုစုပေါင်း အစီးရေ ၃ သိန်း ၄ သောင်းနီးပါး ခွင့်ပြုပေးခဲ့ပြီး အဲဒီကနေ အခွန်ငွေ စုစုပေါင်း ဘီလီယံ  ၉၀၀ ကျော် &ရှိခဲ့တယ်လို့ အခွန်ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တင်သွင်းခွင့်ပေးတဲ့ အထဲမှာ ယာဉ်အိုနဲ့ ယာဉ်ဟောင်း အစားထိုးတာ အစီးရေ ၉ သောင်း နီးပါး၊ တဦးချင်း တင်သွင်းခွင့် ၁ သိန်း ၇ သောင်းနီးပါးနဲ့ ကားပြခန်းတွေအတွက် အစီးရေ ၈ သောင်းနီးပါး ရှိတယ်လို့ စာရင်းတွေ မှာ ဖော်ပြထားပါတယ်။

ဒီစာရင်းထဲမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ကောက်ခံတဲ့ မော်တော်ယာဉ် မှတ်ပုံတင်ကြေး ပါဝင်ခြင်း မရှိသေးပါဘူး။

မော်တော်ယာဉ် မှတ်ပုံတင်ကြေးကိုပါ ပေါင်းရင် ကားတင်သွင်းရာကနေ ကျပ်ငွေ ၂ ထရီလီယံနီးပါးရမယ်လို့ သိရပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63568

No comments:

Post a Comment