Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

သမီးအတွက် ပြင်ဆင်ထားတာတွေ ရှိပါတယ်ဆိုတဲ့ ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်းက မိသားစု ပြဿနာများရှိခဲ့ သော်လည်း သမီးဖြစ်သူ၏ ရှေ့ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ပြောသည်။ သမီးအတွက် ကတော့ ပြင်ဆင်ထားရတာပေါ့။ ကျောင်းနေဖို့လည်း ရှိတယ်။အဲတော့ ပါးပါးရော၊ မိုးမိုးရော အလုပ်လုပ်ရမယ့် သဘောတော့ ရှိတာပေါ့။ ဒါပေမဲ့ သမီးကို အလိုလိုက်လို့ ပျက်စီးသွားတာမျိုး မကြိုက်ဘူး။ အရင်တုန်း ကလည်း ကိုယ့်ဘာသာကို ရုန်းကန်လာရတာ ဆိုတော့ သမီးကို အဖြစ်မခံနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလိုဖြစ်သွားတဲ့ အခြေအနေတွေက သမီးအတွက် ခွန်အားတစ်ခုပဲ။ ဘာကြောင့်လဲ ဆိုတော့ သူလုပ်နိုင်သွား တယ်။ သူ့မှာ ပြတ်ပြတ်သားသားလေး စိတ်ရှိသွားတာ ကြိုက်တယ်။ သမီးအတွက် ပြင်ဆင်ထားတယ် ဆိုပေမယ့် အကြီးအကျယ်တော့ မရှိပါဘူး။ ကိုယ့် အလုပ် ကိုယ်လုပ်ပေါ့နော်။ကျွန်တော်က သူ့ကို အဆိုတော်လည်း ဖြစ်စေချင်တယ်၊ မင်းသမီးလည်း ဖြစ်စေချင်တယ်။ အနုပညာ လုပ်ငန်းက အဆင်ပြေ တယ်လေ။ အနုပညာလုပ်ငန်း ဆိုတာက အားလုံးနဲ့လည်း ဆက်နွှယ်နေတယ်။ ကွန်ရက်တစ်ခုလိုပဲ။ တကယ်တော့ ရုပ်ရှင်တို့ ဂီတတို့ဆိုတာ လူထုရှေ့မှာ ရပ်ပြရတဲ့ လူတွေပေါ့။ လူမှု ဆက်သွယ်မှု အပိုင်းမှာ ပိုပြီး အဆင်ပြေတယ်။ ပရိသတ်မေတ္တာနဲ့ လျှောက်ရတဲ့ သူတွေ ဖြစ်တယ်။ အဲဒါကြောင့် ဖြစ်စေချင် တာပါ။ တခြား ရည်ရွယ်ချက် ဆိုရင်တော့ ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ် ဟု ထူးအယ်လင်းက ပြောသည်။ ထူးအယ်လင်းသည် ဂီတလှုပ်ရှားမှု အနေဖြင့် Three Brotherဆိုသည့် တေးစီးရီး ကို စီစဉ်နေကြောင်း ပြောသည်။

Messenger

No comments:

Post a Comment