Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 20, 2014

ရိုဟင်ဂျာဟူသောအသုံးအနှုန်းကို UN နှင့် နိုင်ငံတကာအသိုင်းအဝန်း ဆက်လက် မသုံးစွဲရန် ကုလအထူးကိုယ်စားလှယ်အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တောင်းဆို

Sunday, July 20, 2014

စစ်တွေ၊ ဇူလိုင် ၁၉- ရခိုင်ပြည်နယ် သို့ ရောက်ရှိနေသောကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင
်ရာ အထူးအစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ (Ms. Yang He Lee) အားရိုဟင်ဂျာဟူသောအသုံးအနူန်း နှင့်ပတ်သက်ကာ ယူအင်န်အဖွဲ့အစည်း များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း အားဆက်လက်မသုံးစွဲရန်အထူး တောင်းဆိုလိုက်ကြောင်း သိရသည်။ 

အဆိုပါအစိုးရအဖွဲ့နှင့်တွေ့ ဆုံသည့်အစည်းအဝေးတွင် ရခိုင်ပြည် နယ် ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း က ''ရိုဟင်ဂျာဆို တာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတာ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က ပြောထားပြီးသားပါ။ 

ဒီ နှစ်ပေါင်းသုံးလေးဆယ်အတွင်းမှာ လူမျိုးအသစ်တစ်မျိုးပေါ်ပေါက်လာ တယ်ဆို တာ အဓိပ္ပာယ်မရှိပါဘူး။ ရခိုင်လူမျိုးတွေမှာ ကိုယ်ပိုင်စာပေနဲ့ ယဉ်ကျေးမှုရှိပြီးသားဆိုတာပြောစရာ တောင်မလိုတော့ပါဘူး။ ဒါကြောင့် ဘင်္ဂါလီတွေကိုလဲ ရိုဟင်ဂျာလို့ မသုံးစေချင်သလို နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံး ဖို့ထပ်မံတိုက် တွန်းပါတယ်။ ပြီးခဲ့တဲ့ သန်းခေါင်စာရင်းကောက်ခံယူတာ မှာ ဘင်္ဂါလီတွေက ရိုဟင်ဂျာဆိုမှ စာရင်းကောက်ခံဖို့ဆိုပြီး ငြင်းဆန်ခဲ့ ကြတယ်။ ဒါဟာနိုင်ငံတော်ရဲ့ ဥပဒေကို ငြင်းဆန်သလိုပါပဲ။ ရခိုင်လူမျိုး တွေကို မခံမရပ်ဖြစ်စေတဲ့အပြင် ဒီ အသုံးအနှုန်းကြောင့် ငြိမ်းချမ်းစွာအတူယှဉ် တွဲနေထိုင်ရေး ပျက်ပြယ် သွားနိုင်ပါတယ်'' ဟုဆက်လက်ပြော ကြားးခဲ့သည်။ 

ထို့အပြင် ဝန်ကြီးချုပ် မှ ရခိုင်တိုင်းရင်းသားများအား ခက် ထန်သည့်လူမျိုး လို့မမြင်မိစေရန်နှင့် နိုင်ငံတကာက ယခုကဲ့သို့အရေးကြီး သောပြဿနာများကို အလေးထား ဖြေရှင်းရန် ထပ်လောင်းပြောကြား ခဲ့သည်။

''ပြောရမယ်ဆိုရင် ရခိုင်ပြည် နယ်အရေးဟာ သာမန်သဘာဝဘေး အန္တရာယ်တစ်ခုကျရောက်တာနဲ့ မတူညီပါဘူး။ အရမ်းကိုထိလွယ်ရှ လွယ်ပြီးရှုပ်ထွေးမှုရှိတဲ့ ပြဿ နာ ပါ။ ဒါကိုဖြေရှင်းဖို့ ရခိုင်ပြည်နယ် အစိုးရနဲ့အတူ ကျွန်မတို့လဲဖြေရှင်း ဖို့အဆင်အသင့်ပါ''ဟုမစ်ယွန်ဟီလီက ပြန်လည်ပြောကြားခဲ့သည်။

SNT (ST)
Democracytoday
Yangon Media Group

No comments:

Post a Comment